သတင်းတို

ပဲခူးတိုင်း ညောင်လေးပင်တွင် လေပြင်းတိုက်၊ အိမ်ခြေ ၈၀ ကျော် ပျက်စီး

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ယနေ့ နံနက်ပိုင်း၌ လေပြင်း တိုက်ခတ်ခဲ့သဖြင့် အိမ်ခြေ ၈၀ ကျော် ပျက်စီး ဆုံးရှုံးမှု ရှိခဲ့ကြောင်း ပဲခူးတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရသည်။

ပဲခူးတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးဝဏ္ဏစိုးက“အခုက ပျက်စီးဆုံးရှုံးမှု စာရင်းတွေ စိစစ်နေတုန်းပဲ။ အကြမ်းဖျင်းကတော့ အိမ်ခြေ ၈၀ လောက်တော့ ရှိတယ်။ စိစစ်ဆဲကာလမို့လို့ တိတိကျကျတော့ မသိရသေးဘူး။ မြို့မ ၁ ရပ်ကွက်နဲ့ မြို့မ ၄ ရပ်ကွက်မှာ ဖြစ်တယ်”ဟု ပြောသည်။ 

ညောင်လေးပင်မြို့ပေါ် ရပ်ကွက် နှစ်ခု၌ ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ကျေးရွာများတွင် ဖြစ်ပွားမှု အခြေအနေနှင့် ပျက် စီး ဆုံးရှုံးမှုကိုလည်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း ပဲခူးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဆိုသည်။

ဒေသခံများ ထိခိုက်မှု မရှိသော်လည်း လတ်တလော နေအိမ် ပျက်စီးမှုကြောင့် နေစရာ အခက်အခဲ ရှိသူများကို မြို့မ ၁ ရပ်ကွက်ရှိ ကိုးနဝင်း ဘုရားတွင် ယာယီ စီစဉ်ပေးထားကြောင်း ဒေသခံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြန်ကြားရေး တာဝန်ခံ ဦးဇင်မင်းက ပြောသည်။

“သွပ်မိုးလန်တာတို့ တချို့အိမ်လေးတွေ လဲသွားတာတို့၊ ဓာတ်တိုင်တွေ ကျိုးတယ်။ သစ်ပင်တွေလည်း ကျိုးတယ်။ အခု လောလောဆယ်တော့ ကျနော်တို့ လူကယ်ပြန်နဲ့ ချိတ်ဆက်ပြီးတော့ စာရင်းတွေ ပြုစုပြီး တင်ပေးနေတယ်။ လူတော့ အထိ အခိုက်မရှိဘူး။ အခုလောလောဆယ် မြို့မ ၁ ရပ်ကွက်ထဲက ကိုးနဝင်းဘုရားမှာ နေစရာ မရှိတဲ့သူတွေကို နေဖို့အတွက် စီစဉ် ပေးထားတယ်”ဟုလည်း ၎င်းက ပြောပြသည်။

ပြီးခဲ့သည့် ၂၄ နာရီ အတွင်းက ရခိုင်ပြည်နယ်၌ ဒေသ အလိုက်နှင့် နေပြည်တော်၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသ ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ‌ဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မနက်ဖြန် နံနက်ပိုင်းအထိ ခန့်မှန်းချက်ကို မိုး/ဇလ က ထုတ်ပြန် ထားသည်။

You may also like these stories:

ဧရာဝတီတိုင်း၌ တလကျော် အတွင်း မိုးကြိုးပစ်ခံရ၍ ၁၅ ဦး သေဆုံး

မန္တလေး လေပြင်းကြောင့် အိမ် ၉၀ ကျော် ပြို၍ ၁ ဦး သေ၊ ၇  ဦး ဒဏ်ရာရ

လေပြင်းတိုက်ခတ်၍ ဟင်္သာတခရိုင်မှ အိမ်ခြေ ၂၀၀ ကျော် ပျက်စီး

Did you find apk for android? You can find new Free Android Games and apps.
Loading