ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်မြို့ရှိ အဆောက်အဦ တလုံးကို ရဲနှင့် အစားအသောက်၊ ဆေးဝါး ကွပ်ကဲရေး ဌာန(FDA)က ဝင်ရောက်ရှာဖွေရာ တရားမဝင်ထုတ်လုပ်သည့် ပိန်ဆေးနှင့် ဖြည့်စွက်စာ ဆေးအမြောက်အမြားကို ဖမ်းဆီးရမိကြောင်း Bangkok Post သတင်းကဆိုသည်။
ယမန်နေ့က ထိုင်းရဲနှင့် FDA အရာရှိများ ပူးပေါင်းအဖွဲ့၏ ရှာဖွေမှုတွင် တရားမဝင် ထုတ်လုပ်ထားသည့် ပိန်ဆေးပြားများနှင့် ဖြည့်စွက်အစာများ ထည့်ထားသော အိတ်အနည်းဆုံး ၅၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းဆေးပြားများကို ဆီဘူထရာမင်းဟု ခေါ်သည့် ဒြပ်တမျိုးပါဝင်ပြီး၊ အကျိုးဆက်အားဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းအမျိုးသား ဒုတိယရဲချုပ် ဝီရချိုင် စုန် မက်တာက ရှင်းပြသည်။
You may also like these stories:
မလေးရှားသို့ ပို့နေသည့် လူကုန်ကူးဂိုဏ်း ထိုင်းရဲဖမ်း
လူကုန်ကူးခံရသည့် မြန်မာ ၆၂ ဦးကို ထိုင်းအစိုးရ လွှဲပြောင်း
ဘုရားကျောင်းကန်ပေါ်၌ ယောဂလုပ်သူ ကမ္ဘာလှည့် ခရီးသွား ထိုင်းရဲ သတိပေး
ဒေသတွင်း မူးယစ်ဂိုဏ်းကြီးနှင့် ဆက်နွယ်နေသူများ ထိုင်းရဲ ဆက်လက်ဖမ်းဆီး