သတင်းတို

ရန်ကုန်မြို့၏ ၉၀ ရာခိုင်နှုန်း အထိ ရေပေးဝေနိုင်ရန် စီစဉ်နေဟု စည်ပင်ပြော

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အနေဖြင့် လာမည့် ၂၀၂၅ တွင် ရန်ကုန်မြို့၏ ၉၀ ရာခိုင်နှုန်း အထိ ရေပေးဝေနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောသည်။

ဦးသန်းက “လက်ရှိအားဖြင့်တော့ ရန်ကုန်မြို့ ရေပေးဝေရေး လွှမ်းခြုံနိုင်မှု ပမာဏဟာ ၄၅ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ လာ မယ့် ၂၀၂၅ မှာ ၉၀ ရာခိုင်နှုန်း အထိ ပေးနိုင်အောင် ရေပေးဝေရေး လုပ်ငန်းသစ်တွေကို ကျနော်တို့ ဆောင်ရွက်နေပါ တယ်” ဟု ပြောသည်။

ရန်ကုန်မြို့ ရေပေးဝေရေး အတွက် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းနှင့် ကုက္ကိုလ်ဝ ရေပေးဝေရေး စီမံကိန်းများကို တိုးချဲ့ ဆောင်ရွက်လျက် ရှိပြီး ကုက္ကိုလ်ဝ ရေပေးဝေရေး စီမံကိန်းမှာ ၂၀၂၀ တွင် အပြီးသတ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။

လက်ရှိ လူဦးရေ ၅ ဒသမ ၂ သန်း ရှိသည့် ရန်ကုန်မြို့သည် လာမည့်၂၀၂၅ ခုနှစ်တွင် လူဦးရေ ၇ သန်းခွဲ ၈ သန်း နီးပါး ရှိ လာနိုင်ပြီး ၂၀၄၀ တွင် ၁၀ သန်း ကျော် ရှိလာနိုင်သဖြင့် လိုအပ်သည့် ရေကို အပြည့်အဝပေးနိုင်ရေး အတွက် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း ဦးသန်းက ဆိုသည်။

၎င်းက “ရေအရင်းအမြစ်တွေ ရှာဖွေ ဖော်ထုတ်ရေးကိုလည်း ဆောင်ရွက်နေသလို လက်ရှိ ပေးဝေနေတဲ့ စနစ်မှာ ရေယူနစ် ပျောက်ဆုံးမှုတွေ လျော့နည်းသွားအောင်လည်း နိုင်ငံတကာရဲ့ အကူအညီနဲ့ ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့၂ နှစ်မှာ မရမ်းကုန်းတို့ တာမွေတို့ အင်းစိန်တို့မှာ ရေယူနစ် ပျောက်ဆုံးမှု နည်းပါးအောင် လျော့နိုင်သမျှ လျော့ပါးအောင် အစီအစဉ် တွေ ချမှတ်ပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဆက်ပြောသည်။

ရန်ကုန်တိုင်းရှိ မြို့နယ် တချို့တွင်မူ စည်ပင်မှ ပေးသည့် ရေကို လုံလောက်စွာ မရရှိသဖြင့် ပြင်ပမှ ရေဝယ်ယူသုံးစွဲနေရ ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန ဥယျာဉ်မြို့တော်နေ ဒေါ်ခင်ခင်က “ကျမတို့က ဟိုးအရင်ကတည်းက ဆောက်လုပ်ခဲ့တဲ့ ယုဇန အိမ်ရာတိုက်တွေမှာ နေတာပါ။ ရေနဲ့ ပတ်သက်ပြီး အရင်ကတည်းက အခက်အခဲ ရှိခဲ့တာ။၂ ရက်မှ ၁ ခါ လာပေးတာတို့၊ ၃ ရက် ၁ ခါ လာပေးတာ တို့ကြောင့် ရေဝယ်သုံးနေရတဲ့ ကုန်ကျစရိတ် ရှိပါတယ်။ ကျမတို့လည်း သူများနည်းတူ တန်းတူ ရေ ဖိုး မီးဖိုး ဆောင်နေရတာပဲ ဆိုတော့ ရေပုံမှန်ရစေချင်ပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့ အတွက် တနေ့လျှင် ရေဂါလံ ၂၀၅ သန်း ပေးဝေနေရာမှ ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြားတွင် ရေယူနစ် ပျောက်ဆုံးမှုများ ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading