ဒီမိုကရေစီနိုင်ငံသစ် အလာကောင်းများမှ သွေဖည်သွားစေသည့် လုပ်ကြံမှုအသစ်များအား မြင်နေရဆဲ ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးတွင် ယနေ့ ကျင်းပသည့် ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်း အနားတွင် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောသည်။
အကြမ်းဖက်ဝါဒနှင့် ဗိုလ်ကျစိုးမိုးမှုအား ဂုဏ်သိက္ခာအဖြစ် ယုံကြည်နေသူများလည်း ယနေ့တိုင်ရှိနေသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် အသက်ခန္ဓာအရ လုပ်ကြံခံခဲ့ရ သည်သာမက နိုင်ငံရေးအရလည်း ယနေ့တိုင် အကြိမ်ကြိမ် လုပ်ကြံခံနေရဆဲဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ဦးဉာဏ်ဝင်းက “ဒီအကြမ်းဖက်လုပ်ကြံမှုကြီးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်မျှော်လင့်ချက်များကို နင်းချေဖျက်စီး လိုက်ရုံသာမက ယနေ့တိုင် သက်ဆိုးရှည်ကြာနေဆဲဖြစ်တဲ့ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းလက်နက်ကိုင် ပဋိပ က္ခများကိုလည်း မွေးဖွားပေးခဲ့ပါတယ်၊ အမျိုးသား သွေးစည်းညီညွတ်ရေး ပြိုကွဲပျက်စီးခဲ့ပြီး ဖိနှိပ်ကြမ်းကြုတ်တဲ့၊ မှားယွင်းတဲ့ အုပ်ချုပ်မှုစနစ်ဆိုးတွေကို ရှင်သန်မင်းမူစေခဲ့ပါတယ်”ဟု ပြောသည်။
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအနေဖြင့် ၎င်းတို့ကတိပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးဆောင်ရွက်မှုအနေဖြင့် လွှတ်တော်ပူးပေါင်းကော်မတီတရပ်ဖွဲ့စည်းကာ ဖွဲ့စည်းပုံပြင်ဆင်ရေး အစီအရင်ခံစာ အား ဇူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းစဉ်အတွင်း NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့ နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး တရားခံ ကြည်လင်းနှင့် တပ်မတော်အရာရှိဟောင်း အောင်ဝင်း ဇော်တို့ကို သေဒဏ်ချမှတ်ထားသည်။
ယင်းလုပ်ကြံမှုအား နိုင်ငံရေးလုပ်ကြံမှုအဖြစ် NLD ပါတီဘက်က ထုတ်ဖော်ပြောကြားခဲ့ပြီး ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်ကြောင်း ၎င်းတို့က ဆိုခဲ့သည်။
ယနေ့အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ အုပ်မြစ်ချခဲ့ သည့် တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင် ရေးကို အောင်မြင်သည်အထိ ပူးပေါင်ပါဝင် ချီတက်ကြရန်လည်း NLD က တိုက်တွန်းခဲ့သည်။
ဒီမိုကရေစီသို့ ချီတက်ရာတွင်လည်း ပြည်သူလူထုအနေဖြင့် စိတ်ရှည်သည်းခံခြင်း၊ ညီညွတ်ခြင်း၊ ဆုံးဖြတ် ချက်ခိုင်မာခြင်းတို့ဖြင့် လာမည့်ရွေးကောက်ပွဲများတွင် အင်းတိုက်အားတိုက် ပါဝင်ကြရန်လည်း ဦးဉာဏ်ဝင်းက ပြောခဲ့သည်။
You may also like these stories:
ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံရေးသမား
အောက်မေ့ဖွယ်ရာ အထိမ်းအမှတ် အာဇာနည်နေ့ အကြောင်း
အာဇာနည်နေ့နဲ့ ပတ်သက်ပြီး အနုပညာရှင်များရဲ့ အောက်မေ့ အမှတ်တရ စကားများ