သတင်းတို

ရေဘေး အတွက် လွှတ်တော်က နေ့တွက်စရိတ်မှ ကျပ် ၂၂၅သိန်း လှူ

Want create site? Find Free WordPress Themes and plugins.

သဘာဝဘေးကြောင့် ရေလွှမ်းမှု၊ မြေပြိုမှုများ ခံစားနေရသည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ ပြည်သူ များအတွက် စာနာထောက်ထား ဝမ်းနည်းသဖြင့် လွှတ်တော် ကိုယ်စားလှယ် များ၏ နေ့တွက် စရိတ်ကိုလှူဒါန်း ကြောင်း ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကြားဖြတ် အဆိုတရပ်တင်သွင်း ဆုံးဖြတ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ လှူဒါန်းငွေ ကျပ် ၆၃ သိန်း၆သောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌမှ ကျပ် ၈၆သိန်း ၄သောင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များမှ ၄၄သိန်း ၈သောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဌမှ ကျပ် သိန်း ၃၀ ၂သောင်း စုစုပေါင်းကျပ်၂၂၅သိန်း လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေ ရုတ်တရက် ကြီးခြင်း၊ တောင်ကျရေ ဒလ ဟော စီးဆင်းခြင်း၊ တောင်ပြိုခြင်း တို့ကြောင့် တိုင်းရင်းသား ဒေသခံများ၏ အသက်အိုးအိမ် စည်းစိမ် ပျက်စီး ဆုံးရှုံးရခြင်း တို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကြီးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ အားလုံးက စာနာထောက်ထား၊ ကြေကွဲခြင်း အထိမ်းအမှတ် အနေဖြင့် မတ်တပ်ရပ်ကာ တမိနစ် ငြိမ်သက်၍ ဆုတောင်းမှုကို ယနေ့လွှတ်တော်တွင် ပြုလုပ်သည်။

You May Also Like These Stories:

မွန်၊ ကရင်နှင့် တနင်္သာရီ တို့တွင် မိုးပိုဦးမည်

ကရင်နှင့် ပဲခူးတွင် ရေကြီးမှုအန္တရာယ် ပိုဆိုးလာနိုင်ဟု ဒေါက်တာ ထွန်းလွင် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading