သတင်းတို

အစိုးရနှင့် အပစ်ရပ်အဖွဲ့များ ဆွေးနွေးမည်

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသော အပစ်ရပ် ၁၀ ဖွဲ့နှင့် အစိုးရတို့အကြား NCA လမ်းကြောင်း အတိုင်း ရှေ့ဆက်နိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေးသွားကြမည်ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၁၉၊ ၂၀ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင် (PC) အနေဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး ဦးဆောင်မည်ဖြစ်သည်။

PC အဖွဲ့ဝင် ဦးလှမောင်ရွှေက “NCA လမ်းကြောင်းအတိုင်း ဆက်သွားနိုင်ဖို့” ဟု ဆွေးနွေးပွဲ ရည်ရွယ်ချက်ကို ရှင်းပြသည်။

PC အနေဖြင့် ယခုခရီးစဉ်တွင် အပစ်ရပ် ၁၀ ဖွဲ့မှ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့နှင့်လည်း သြဂုတ် ၂၀ ရက်နေ့တွင် သီးခြားစီ တွေ့ဆုံရန် ရှိကြောင်း သိရသည်။

၂၀၁၈ အောက်တိုဘာလ ၁၅ ရက်၊ ၁၆ ရက်နေ့က နေပြည်တော်တွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များကြား တွေ့ဆုံခဲ့ရာတွင် တပ်မတော်က “တခုတည်းသော တပ်မတော်ထားရှိရေး”၊ “ခွဲမထွက်ရ” စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ပြောဆိုမှုများအပေါ် အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် တရားဝင် အစည်းအဝေးများ ရပ်ဆိုင်းသွားခဲ့သည်။

ထို့အတူ အပစ်ရပ်အဖွဲ့များဖြင့် စုဖွဲ့ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အစား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်းတိုင်ပင်ခြင်း အစည်းအဝေး (Peace Process Consultative Meeting) ပြောင်းလုပ်ရန် တိုက်တွန်းနေသည့် KNU အဖွဲ့ကလည်း အစည်းအဝေးများ တက်ရောက်မှု ရပ်ထားထားသည်ကိုတွေ့ရသည်။

အပစ်ရပ် ၁၀ ဖွဲ့မှာ KNU၊ RCSS ၊ မွန်ပြည်သစ်ပါတီ(NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ် မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ လားဟူ ဒီမိုက ရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ်ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading