သတင်းတို

မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေ ဆက်တက်နိုင်ခြေ ရှိ

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် မဒေါက်တွင် စစ်တောင်းမြစ်သည် စိုးရိမ်ရေမှတ် အထက်တွင် ၂ ပေခွဲခန့် ရှိနေပြီး ဆက်လက်မြင့်တက် လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) မှ သိရသည်။

မဒေါက်မြို့တွင် နောက် ၃ ရက်ခန့်အထိ စိုးရိမ်ရေမှတ် အထက်တွင် ရှိနေမည့်အပြင် မုတ်သုံလေ အားကောင်းနေသဖြင့် မိုးပိုမိုရွာသွန်းမှုကြောင့် မြစ်ရေ ထပ်မံမြင့်တက်လာမည့် အခြေအနေရှိကြောင်း  မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

ဦးကျော်မိုးဦး က“မဒေါက်ကတော့ စိုးရိမ်ရေအမှတ် အထက်မှာ ၂ ပေခွဲလောက် ရှိသေးတယ်။ နောက် ၃ ရက်အထိတော့ စိုးရိမ်ရေအမှတ် အထက်မှာ ရှိနေဦးမယ်။ ထပ်တိုး လာနိုင်တယ်။ နောက်ရက်တွေက မိုးလည်းရှိတော့ အကျမပေးထားဘူး။ မိုးကတော့ နောက်ရက်တွေကျရင် များလာမယ်”ဟု ပြောဆိုသည်။ 

ပဲခူးတိုင်းအတွင်းရှိ ရွှေကျင်မြို့တွင်မူ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်အထိ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း မိုး/ဇလ မှ သိရသည်။

ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာၤရီတိုင်း နှင့် ရခိုင်ပြည်နယ် တို့တွင် လာမည့် ၄ ရက်အထိ မိုး ပိုနေဦးမည် ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

သြဂုတ်လ လလယ်ပိုင်းတွင် မုတ်သုံလေ အားပျော့သဖြင့် မိုးရွာသွန်းမှု လျော့ကျသွားပြီးနောက် ယခုရက်ပိုင်းတွင် မိုး ပြန်လည် ပိုလာခြင်း ဖြစ်ကြောင်း သိရသည်။ 

ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေးက“စိုးရိမ်ရေအမှတ်ကတော့ ကျော်တယ်။ ဒါပေမယ့် မြို့ထဲမှာ အိမ်တွေဘာတွေ မြုပ်တာတော့ မရှိဘူး။ ရှေ့ရက်တွေက ရပ်ကွက်ထဲတော့ ရေဝင်တယ်၊ ဒါက ကျနော် တို့ ဒေသရဲ့ ဖြစ်ရိုးဖြစ်စဉ်ပဲ နှစ်တိုင်းဖြစ်တာ။ ဒီနှစ်ကတော့ မိုးအများကြီးရွာပြီး ရေကြီးရေဘေးဖြစ်တာတော့ မဟုတ်ဘူး။ ရေကတော့ အနိမ့်ပိုင်းလမ်းလေးတွေ ဘာတွေတော့ မြုပ်တယ်”ဟု ပြောသည်။ 

သြဂုတ် ၉ ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၆၉ လောင်းနှင့် ဆေးရုံတွင် သေဆုံးခဲ့သူ ၁ ဦး ရှိခဲ့ပြီး သြဂုတ်လ ၁၈ ရက်တွင် သေဆုံးသူများ၏ ရုပ်အလောင်း ရှာဖွေမှု ရပ်ဆိုင်းခဲ့သည်။

မွန်ပြည်နယ်အပြင် တနသာင်္ရီတိုင်း နှင့် ကရင်ပြည်နယ်တို့တွင်လည်း ဇွန်လကုန်ပိုင်းက စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

You may also like these stories:

ဘားအံနှင့် မဒေါက်တွင် ၂ ရက်အတွင်း စိုးရိမ်ရေမှတ် ကျော်နိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading