သတင်းတို

ပြည်မြို့တွင် အမျိုးသားတဦး ရထားကြိတ်ခံရပြီးသေဆုံး

Want create site? Find Free WordPress Themes and plugins.

ပြည်မြို့မှ ရန်ကုန်မြို့သို့ သြဂုတ်လ ၂၈ ရက်နေ့ ည၁၀ ခွဲအချိန်က ထွက်ခွာသွားခဲ့သည့် အမှတ် ၇၂ အဆုန် အမြန်ရထားသည် ပြည်မြို့ ကိုးသောင်းရထား လမ်းကူးဂိတ် အလွန် အမည်မသိ အမျိုးသားတဦးကို ကြိတ်မိပြီး ၎င်းမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြည်ဘူတာ အထူးတန်း ရုံပိုင်ကြီး ဦးစိုးလှ ထံမှသိရသည်။

“အမည် နေရပ် လိပ်စာ မသိသေးဘူး။ အခုမှ ကျနော်တို့လည်း ပိုင်ရှင် ရှာတုန်း ရှိသေးတယ်ခင်ဗျ။ သူက သံလမ်း ၂ ခုကြားထဲမှာ ခေါင်းက ရန်ကုန်ဘက်မှာ၊ ခြေထောက် ၂ ဖက်က ပြည်ဘက်မှာပေါ့၊ တိုက်တယ်ဆိုရင် အပိုင်းတွေ ဖြစ်သွားမှာ အခုက မဟုတ်ဘူး။ ဒူးဆစ်အောက် နှစ်ဘက်ပြတ်တယ်၊ ညာဘက်လက်ရင်းက ပြတ်တယ်၊ နောက်မျက်နှာတခြမ်းက ကြိတ်မိတာပေါ့နော်၊ ကျနော့် ထင်မြင် ယူဆချက်အရ အိပ်တယ် ထင်တာပေါ့။” ဟု ပြည်ဘူတာ အထူးတန်းရုံပိုင်ကြီး ဦးလှစိုးက ရှင်းပြသည်။

ဆက်လက်ပြီး ၎င်းက “ရထားနဲ့ လူပဲတိုက်တိုက်၊ ဘာပဲတိုက်တိုက် ကျနော်တို့က တရားစွဲရတာ ရှိပါတယ်။ အခုက အလောင်း ပိုင်ရှင်နာမည် မသိတဲ့အတွက် တရားက စွဲလို့ မရသေးဘူးခင်ဗျ။” ဟု ပြောသည်။

သေဆုံးခဲ့သည့် အမျိုးသား ရုပ်အလောင်းအား ရထားအောက်မှ ထုတ်၍ ပြည်ဆေးရုံကြီးရင်ခွဲရုံသို့ ခေတ္တရာ လူငယ်များ သာရေးနာရေး ကူညီမှုအသင်းမှ ပို့ဆောင်ပေးခဲ့ပြီး အခင်းဖြစ်နေရာတွင် ရထားမှာ မိနစ် ၅၀ ခန့် ရပ်တန့်ထားခဲ့ရကြောင်း သိရသည်။

သေဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များမှ လာရောက် ဆက်သွယ်ခြင်း မရှိသေးကြောင်းနှင့် အမည်ကို စုံစမ်းဆဲဖြစ်ပြီး ပြည်မြို့ မြို့မရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

You may also like these stories:

ရန်ကုန်- မန္တလေး လမ်းပိုင်း၌ ရထားစီးလုံးလိုက် ကုန်ပို့လိုသူများကို မြန်မာ့မီးရထား ဖိတ်ခေါ်

၄၅နှစ်ကြာ ပိတ်ထားသည့် ထိုင်း-ကမ္ဘောဒီးယား ရထားလမ်း ပြန်ဖွင့်တော့မည်

Did you find apk for android? You can find new Free Android Games and apps.
Loading