သတင်းတို

ငြိမ်းချမ်းရေးအထောက်အကူပြုရုံးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းမည်ဟု အစိုးရပြော

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အနေဖြင့် ငြိမ်းချမ်းရေးအထောက်အကူပြုရုံးအဖွဲ့ (Peace Secretariat) ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ယနေ့ (စက်တင်ဘာလ ၁၀ ရက်) တွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ ပြုလုပ်သည့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထား သည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် NRPC ကိုယ်စားလှယ်များ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါ အတိုင်း ပြောခြင်းဖြစ်သည်။

ဦးဇော်ဌေးက “NRPC Peace Secretariat  ရုံးထောင်မယ်ပေါ့။ NRPC Peace Secretariat ကျနော်တို့ ဖွဲ့စည်း တိုးချဲ့ပြီး တော့ လုပ်မယ်ပေါ့နော်။ အဲဒါလည်း အခုလောလောဆယ်မှာတော့ ကျနော်တို့ ဆွေးနွေး ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့ ပုံကြမ်းတော့ ပေါ်လာပြီး ဖွဲ့စည်းတည်ဆောက်ပုံအရတော့ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးနေပါ တယ်။ အဲဒီကျရင်တော့ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လက်မှတ် မထိုးရသေးတဲ့ အဖွဲတွေနဲ့ သွားတာက တပိုင်း၊ လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေနဲ့သွားတာ တပိုင်း လုပ်မယ်” ဟု ပြောသည်။

လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်နေမှုမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ကိုယ်စားလှယ် များ ပါဝင်သော NRPC ကို ထူထောင်၍ ဆောင်ရွက်နေပြီး NRPC ၏ အောက်တွင် ငြိမ်းချမ်းရေး ကော်မရှင်(PC) နှင့် အလုပ်အဖွဲ့ စသဖြင့်သာ ရှိသည့်အတွက် ငြိမ်းချမ်းရေး အတွင်းရေးမှူးအဖွဲ့နှင့် ရုံးကို တိုးချဲ့ဖော်ဆောင်ရန် စဉ်းစားခြင်း ဖြစ် သည် ဟု ၎င်းက ဆိုသည်။

အဆိုပါ အဖွဲ့တွင် ပြင်ပ နည်းပညာရှင်များ အပါအဝင် အစိုးရ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထူထောင် သွားရန် ပြင်ဆင်ထား ကြောင်းလည်း သိရသည်။

NRPC ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရ တက်လာချိန်တွင် ဦးသိန်းစိန် လက်ထက် က ဖွဲ့စည်းထားသော မြန်မာ့ ငြိမ်းချမ်းရေး ဗဟိုဌာန(MPC) ကို ဖျက်သိမ်းပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ၌ စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

NCA ထိုးထားသည့် ချင်းအမျိုးသားတပ်ဦး(CNF)ဒု ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် တာဝန်ယူ လုပ်ဆောင်နေသော ဒေါက်တာ တင်မျိုးဝင်းကို ဝန်ကြီးအဆင့် ခန့်အပ် တာဝန်ပေး၍ ဖော် ဆောင်သင့်သလို NRPC ၏ လုပ်ငန်းစဉ်များကိုလည်း ပြင်ဆင်သင့်ကြောင်းကို ဧရာဝတီသို့ ပြောကြားထားသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများက NRPC ၏ လုပ်ငန်း ဖော်ဆောင်မှုများနှင့် MPC ၏ လုပ်ငန်းဖော်ဆောင်မှုများကို နှိုင်းယှဉ်ကာ အကောင်အထည် ဖော်ဆောင်မှု နှေးကွေးသွားကြောင်း ထောက်ပြ ပြောဆိုလျက် ရှိကြသလို NRPC ကို ပြင်ဆင်ခြင်း သို့မဟုတ် တိုးချဲ့ဖွဲ့စည်းရန်လည်း အကြံပြုမှုများ ရှိနေသည်။

You may also like these stories:

NCA ကနေ သွေဖည်၍ မရဟု NRPC ဒုဥက္ကဌ ဦးထွန်းထွန်းဦးပြော

တရုတ်ဖိအားကြောင့် ပေါ်လာသည့် ကျိုင်းတုံ ဆွေးနွေးပွဲ “ဟန်ပြ”ဟု မြောက်ပိုင်း ၃ ဖွဲ့ ပြော

တိုက်ပွဲများ ရပ်တန့်ရေး တပ်မတော်နှင့် ဆွေးနွေးရန် မြောက်ပိုင်းအဖွဲ့ သဘောတူ

NCA ထိုးရန် အဆင်သင့် မဖြစ်သေးဟု KNPP ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading