စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ တပ်မတော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်း တခု လွှတ်တော်သို့ တင်သွင်းရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် မောင်မောင်က“မနက်ဖြန် အစည်းအဝေး အခမ်းအနား အစီအစဉ်ထဲမှာ ပါတယ်။ မနက်ဖြန်ကျရင် သူတို့ ဝေ မှာပါ။ လောလောဆယ်တော့ ဘာမှပြောစရာ မရှိဘူး။ တင်မှာတော့ ဟုတ်ပါတယ်”ဟု ပြောသည်။
လွှတ်တော်သို့ တင်သွင်းမည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ တင်သွင်းမည့် အကြောင်းအရာကို ယခုအချိန်တွင် မပြောလို သေးကြောင်း၊ အကယ်၍ တပ်မတော်ဘက်မှ ထူးထူးခြားခြား ပြောစရာရှိပါက မီဒီယာများကို ပြောမည် ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ဆက်လက် ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မည်ဟု ပြောဆိုပြီး၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီသည် အာဏာရပြီး ၃ နှစ်အကြာတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ပြည်ထောင်စု လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် တင်သွင်းရင်း မဲအသာဖြင့် အတည်ပြုနိုင်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် နိုင်ငံရေး အကျပ်အတည်းနှင့် ဘေး ထွက် ဆိုးကျိုးများ မဖြစ်ပေါ်စေရန် ပြဋ္ဌာန်းချက်များ အတိုင်း ဥပဒေနှင့်အညီ လုပ်ဆောင်ကြရန် ဒု တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း၂၀၁၉ ခုနှစ် တပ်မတော်နေ့ အခမ်းအနားတွင် ပြောဆိုထားသည်။
You may also like these stories:
“ပရမ်းပတာ ဒီမိုကရေစီ” မဖြစ်ဖို့ လိုဟု တပ်မတော် ပြော
ဘုရားတွင် TNLA တပ်စွဲ၍ တိုက်ပွဲဖြစ်ရဟု တပ်မတော် ပြော