သန်လျင်မြို့နယ် အတွင်း၌ ၂၄ ဧက ကျော် ကျယ်ဝန်းသည့် ကုန်သေတ္တာယာဉ် ရပ်နားကွင်း တည်ဆောက်ရန် အတွက် စီစဉ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။
ကုန်သေတ္တာတင်ယာဉ် ရပ်နားရေး အတွက် ယာဉ်ရပ်နားကွင်း တည်ဆောက်ရန် သံလျင်မြို့နယ်တွင်း မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဌာနက စီမံခန့်ခွဲသည့် မြေဧရိယာ ၂၄ ဒသမ ၅၈၈ ဧကကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ စီမံခန့်ခွဲပြီး မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ် အသင်းသို့ ငှားရမ်းပေးနိုင်ရန် စီစဉ် ဆောင် ရွက်လျက် ရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ယနေ့ ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းတွင် ရပ်နားထားသည့် ကွန်တိန်နာယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ် ပေါ်နေသဖြင့် ကုန်သေတ္တာယာဉ်ရပ်နားသည့် နေရာသစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိကို ဗိုလ်တထောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထူးက လွှတ်တော်တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းတွင် ရပ်နားထားသော ကွန်တိန်နာများနှင့် စပ်လျဉ်း၍ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်း ရေးအတွက် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေသော်လည်း ကွန်တိန်နာ အစီးရေ အနေအထား ကြောင့် လည်းကောင်း၊ ယာဉ်များ၏ တည်ဆောက်မှု ပုံစံ အနေအထားအရ လည်းကောင်း ရပ်နားမှုကို ဖြေရှင်းရန် အခက်အခဲ ဖြစ်နေရကြောင်း ဒေါ်နီလာကျော်က ပြောဆိုသွားသည်။
You may also like these stories:
ရန်ကုန်ရှိ ကုန်သေတ္တာတင်ယာဉ်များကို အများပိုင် ကုမ္ပဏီအောက် ထားရှိရန် စီစဉ်
ကွန်တိန်နာ ယာဉ်မောင်းများ၏ တောင်းဆိုချက်များ ညိုနှိုင်းနေ