သတင်းတို

ဒု ရဲချုပ် အောင်နိုင်သူ နုတ်ထွက် သတင်း မမှန်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒု ရဲချုပ် အောင်နိုင်သူသည် ကျန်းမာရေး မကောင်းသဖြင့် နုတ်ထွက်စာ တင်လိုက်ပြီဟု လူမှုကွန် ရက် တွင် ပျံ့နှံ့နေသည့် သတင်းသည် “သတင်းမှား” ဖြစ်ကြောင်း ဒုရဲချုပ် အောင်နိုင်သူက ဧရာဝတီသို့ ပြောသည်။

“သတင်း အမှားပါ”ဟု ဒုရဲချုပ် အောင်နိုင်သူက ဧရာဝတီသို့ စာတို ပို့၍ ဖြေဆိုခဲ့သည်။

ဒုရဲချုပ် အောင်နိုင်သူသည် ၂၀၁၉ ခုနှစ် ဇူလိုင်လက သမ္မတရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ နေပြည်တော်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံခဲ့ရသော ဗစ်တိုးရီးယား အမှုတွင် Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး သား ၂ ယောက်နှင့် လုံးဝ မသက်ဆိုင်ကြောင်း၊ မျိုးဗီဇ (DNA) စစ်ဆေးချက်အရလည်း တူညီမှုမရှိကြောင်း ပြောဆိုခဲ့သူ ဖြစ် သည်။

ယင်းအမှုကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံး၌ ဆက်လက် စစ်ဆေးနေပြီး စက်တင်ဘာ ၁၁ ရက် နောက်ဆုံး ရုံးချိန်း၌ ကာယကံရှင် ဖြစ်သူ ဗစ်တိုးရီးယား၏ ထွက်ဆိုချက်များတွင် ကိုကို အကြီး၊ ကိုကို အငယ်ဟု ထုတ်ဖော် ပြောဆိုလာသဖြင့် ဒုရဲချုပ် အောင်နိုင်သူ၏ ပြောဆိုမှုနှင့် ကွဲလွဲကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယခုလို ကောလာဟလ ပျံ့နှံ့ခြင်း ဖြစ်သည်။

ယခု ဗစ်တိုးရီးယား အမှုသည် သမ္မတ ကိုယ်တိုင် စောင့်ကြည့်လေ့လာနေသည့် အမှုတခု ဖြစ်ပြီး လွဲချော်မှု ရှိပါက ရဲတပ်ဖွဲ့ တာဝန်ရှိသူများ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြီးခဲ့သည့် အပတ်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုထားသည်။

ဒု ရဲချုပ် အောင်နိုင်သူသည် တပ်မတော်မှ အသွင်ပြောင်းလာသည့် ရဲအရာရှိတဦး မဟုတ်ဘဲ ရဲစစ်စစ်တဦး ဖြစ်ပြီး ရဲစစ်စစ် ကိုသာ ရဲချုပ် ခန့်မည်ဆိုပါက ရဲချုပ်ဖြစ်လာနိုင်သူ တဦး ဖြစ်ကြောင်း၊ ရဲ တပ်ဖွဲ့တွင်လည်း ရာထူးတိုး မြန်သူတဦး ဖြစ် ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းက ဧရာဝတီသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading