သတင်းတို

ထိုင်းနိုင်ငံ မြို့ပြ တည်ဆောက်ရေး လုပ်ငန်းများ အတွက် မြန်မာ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံရှိ မြို့ပြ တည်ဆောက်ရေး လုပ်ငန်းများတွင် မြန်မာ လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်မှု ပြုလုပ်နေသည်။

ယင်း ဖိတ်ခေါ်မှုကို ထိုင်းနိုင်ငံ အခြေစိုက် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ အရောင်းကုမ္ပဏီ တခု ဖြစ်သည့် Ananda Development ကုမ္ပဏီက ပြုလုပ်ခြင်း ဖြစ်သည်။

Ananda Development မှ အမှုဆောင် အရာရှိချုပ် Chanond Ruangkritya က“ဘန်ကောက်၏ အပြန်အလှန် ဆက် သွယ်ထားသော အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်များ၊ မိမိတို့၏ ကွန်ဒိုစီမံကိန်း အမျိုးမျိုးတို့ဟာ လူထောင် ပေါင်း များစွာတို့၏ မြို့ပြဘဝ အိပ်မက်ကို အကောင်အထည်ပေါ်စေပြီးတော့ ထူးခြားတဲ့အနာဂတ်ကို ကြိုတင် မျှော်မှန်း သော နိုင်ငံတကာ ဝယ်လက်များအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖန်တီးပေးပါတယ်”ဟု ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က Ananda ကုမ္ပဏီ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကမ္ဘာ့ခရီးသွား အဝင်ရောက်ဆုံးဖြစ်ပြီး ကမ္ဘာ့ဆက်သွယ်ရေး လမ်းကြောင်းရဲ့ အဓိက မြို့တမြို့ ဖြစ်တဲ့ ဘန်ကောက် မြို့ဟာ အာရှမှာ မြေယာ ရင်းနှီးမြှုပ်နှံမှု အတွက် ဆွဲဆောင်မှု အရှိဆုံးမြို့လည်း ဖြစ်ပါတယ်”ဟုလည်း Chanond Ruangkritya က ဆက်လက် ပြောဆိုသည်။

သို့ဖြစ်ရာ လာမည့်နှစ်တွင်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ အနီးတဝိုက်တွင် အရည် အသွေးမြင့် အိမ်ရာများ ထပ်မံ တည်ဆောက်ရန် ရှိနေရာ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေခြင်း ဖြစ် သည်ဟု ဆိုသည်။

Ananda ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှစတင်ပြီး အိမ်ရာပေါင်း ၆၀ ကျော်၊ ကွန်ဒို အလုံးရေ ၄၄၂၀၀ ခန့်ကို အများပြည်သူ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း တဝိုက်တွင် အများဆုံး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်မြို့တွင် လက်ရှိ၌ လူဦးရေ ၁၀ သန်းရှိပြီး နှစ်စဉ် ကမ္ဘာတဝန်းမှ လူဦးရေ ၂၂ သန်း ကျော် လာရောက် လည်ပတ်လျက် ရှိသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်တွင် ဂျီဒီပီ တိုးတက်နှုန်း ၃ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန် ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading