နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် စစ်ဆေးနေသည့် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ၎င်း၏ သား ၂ ဦးကို သက် သေအဖြစ် မစစ်ဆေးရန် မိခင်ဖြစ်သူ ဒေါ်ဥမ္မာလှိုင်က တရားရုံးသို့ အသနားခံစာ တင်ထားကြောင်း သတင်း ရရှိသည်။
ယနေ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ရှေ့နေတဦး ဖြစ်သူ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး ဖြစ်သူ ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေး ဥပဒေ ပုဒ်မ ၁၀၁ ဖြင့် တရားစွဲ ဆိုထားသည့် အမှု စစ်ဆေးစဉ် အထက်ပါ အတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
ဒေါ်ဥမ္မာလှိုင်က “ကျမ၏ သားများမှာ ကျန်းမာရေး မကောင်းခြင်း၊ စိတ်ထိခိုက်ရ၍ ခရိုင်အမှုမှာ သက်သေအဖြစ် မစစ်ဘဲ သက်သေအဖြစ်မှ ကင်းလွတ်ပေးပါရန် အသနားခံစာကို ခရိုင် ဥပဒေရုံးသို့ တင်ပြထားပြီး ဖြစ်ပါတယ်” ဟု တရားခွင်၌ ထွက်ဆိုသည်။
သို့သော် ၎င်း၏ သား၂ ဦးကို ခရိုင်တရားရုံးက စစ်ဆေးမည့် အခြေအနေ ရှိမရှိ ကိုမူ ယနေ့အချိန်အထိ မသိရသေးကြောင်း လည်း ဒေါ်ဥမ္မာလှိုင်က တရားခွင်အတွင်း ပြောဆိုသွားသည်။
နေပြည်တော် ဒက္ခိဏခရိုင် တရာရုံး၌ ဗစ်တိုးရီးယားအမှု တရားခွင် စစ်ဆေးမှု အခြေအနေများနှင့် ပတ်သက်၍ အောင် ကြီး၏ ရှေ့နေ ဒေါ်စုဒါလီအောင်က ဗစ်တိုးရီးယား ထွက်ဆိုချက်များ ဖြစ်သည့် ကိုကိုနှင့် ညီညီ လုပ်သည် ဟူသည့် ဗီဒီ ယိုဖိုင် အကြောင်း မီဒီယာများအား ပြောပြခြင်းကြောင့် ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
ထို့ပြင် ဗစ်တိုးရီးယား၏ ဖခင်အပါအဝင် ၆ ဦးကို Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က နေပြည် တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းတွင် စက်တင်ဘာလ၂၆ ရက်က အမှုဖွင့်ကြောင်း သိရသည်။
အမှုဖွင့်ခံထားရသူများမှာ ဗစ်တိုးရီးယား၏ ဖခင် အပါအဝင် အစ်ကို၊ အစ်မ၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ ကိုအောင် ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်၊ ယခုအမှုကို လိုက်ပါ ဆောင်ရွက်နေသူ သက္ကမိုးညို (ဒေါက်တာ ဝင်းကိုကိုသိန်း) တို့ ဖြစ် သည်။
You may also like these stories:
Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော
ဆရာမ နှင်းနုကို သံသယ တရားခံအဖြစ် ထပ်တိုးပေးရန် ဦးတိုက်လျှောက်
ဆရာမနှင်းနုကို နောက်တိုး တရားခံ အဖြစ် လျှောက်ထားမှု ဥပဒေနှင့် မညီဟုဆို