ရက္ခိုင်တပ်မတော်(AA)က ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်မတော်သားများ အပါအဝင် ၄၅ ဦးထဲမှ ၁၄ ဦးကို ရှာဖွေ ကယ်တင်နိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
စစ်တွေ- ဘူးသီးတောင် သွား ရွှေနဒီ အမြန်ရေယာဉ်ကို AA တပ်ဖွဲ့ဝင်များမှ ပြီးခဲ့သည့် စနေနေ့က ရေမျက်ရွာအနီး ကမ်းကပ်ခိုင်းကာ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ခရီးသွား ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ထို့သူများအား ကယ်တင်နိုင်ရေး တပ်မတော်မှ ပို့ဆောင်ရေး ရဟတ်ယာဉ်များဖြင့် လုံခြုံရေး တပ်ဖွဲ့များကို အနီးဆုံးနေရာအား ပို့ဆောင်ကာ AA တို့ကို ပိတ်ဆို့ ရှင်းလင်းသကဲ့သို့ တိုက်ခိုက်ရေး ရဟတ် ယာဉ်များနှင့် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ထို့အတွက် ယခုအခါ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်လာသူ ၁၄ဦးကို နေရာအသီးသီးမှ ပြန်လည်ကယ်တင် နိုင်ကြောင်း၊ တပ်မတော်အနေဖြင့် ကျန်သူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဝေဟင်- မြေပြင် ပူးပေါင်းကာ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်သည်။

တပ်မတော်၏ ဝေဟင်မှ တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိသကဲ့သို့ ၎င်းတို့ ဖမ်းဆီးထားသူ တချို့လည်း သေဆုံးကြောင်း ယမန်နေ့က AA သတင်းပြန်ကြားရေးမှ ထုတ်ပြန်သည်။
ဆက်စပ်ဖတ်ရှု့ရန်
တပ်မတော်မှ တိုက်ခိုက်သဖြင့် ဖမ်းဆီးခံတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိဟု AA သတင်းထုတ်ပြန်
ရခိုင်မှာ AA ရှိဖို့ မလို ဟု တပ်မတော် ထပ်လောင်းပြော
ရွှေနီဒီရေယာဉ်ပေါ်မှ AAက ဖမ်းဆီးသွားသူများတွင် တပ်မတော်သားများလည်းပါဝင်နေ
ရွှေနဒီ အမြန်ရေယာဉ်ကို AA က ဖမ်းဆီ