Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်က သံသယတရားခံ ကိုအောင်ကြီး၏ ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင် အပေါ် တရား စွဲဆိုထားသည့် အမှုတွင် တရားလိုပြ သက်သေများကို ယနေ့ (နိုဝင်ဘာ ၄ ရက်) တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယနေ့ ပုဗ္ဗသီရိမြို့နယ် တရားရုံး၌ ၃ ကြိမ်မြောက် ရုံချိန်းတွင် တရားလိုပြ သက်သေဖြစ်သည့် ဘီဘီစီ သတင်းဌာန (မြန်မာပိုင်း)မှ သတင်းထောက်တဦးနှင့် ရှာဖွေ ပစ္စည်းများသိမ်းဆည်းစဉ်က လိုက်ပါ ဆောင်ရွက်ခဲ့သည့် ရာအိမ်မှူး ၂ ဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်ရှိ ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ သြဂုတ်လ ၁၄ ရက်က သံသယတရားခံ ကိုအောင်ကြီး၏ ရှေ့နေ ဒေါ်စုဒါလီအောင်က ဘီဘီစီ (မြန်မာပိုင်း)၌ အင်တာဗျူး ဖြေဆိုသည့်အပေါ် အရွယ်မရောက်သေးသည့် သား ၂ ဦး၏ ဂုဏ် သိက္ခာပိုင်း ဆိုင်ရာ ထိခိုက်သည် ဟုဆိုကာ ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေး ဥပဒေပုဒ်မ ၁၀၁ ဖြင့် ဒေါ်စုဒါလီ အောင်ကို တရားစွဲဆိုထားခြင်း ဖြစ်သည်။
ယနေ့ တရားခွင်တွင် ရှေ့နေ ဒေါ်စုဒါလီအောင်က ယင်းအမှုနှင့် ပတ်သက်ပြီး ကိုယ်တိုင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ သည်။
ဒေါ်စုဒါလီအောင်က “သက်သေ စစ်ချက်တွေက ကျမသွားနေတဲ့ သတ်မှတ်တဲ့ အတိုင်း အကုန်လုံး အဆင်ပြေတယ်။ ကျေ နပ်ပါတယ်” ဟု ပြောသည်။
တရားခွင် စစ်ဆေးမှု မစတင်မီ ဘီဘီစီ( မြန်မာပိုင်း) သတင်းထောက်ဖြစ်သူ ကိုအောင်သူရက ဘီဘီစီ သတင်းဌာန အနေဖြင့် တနိုင်ငံလုံး စိတ်ဝင်စားနေသည့် ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ ပြည်သူများ သိချင်နေသည့် အကြောင်း အရာကို တင်ပြခြင်း ဖြစ်ကြောင်း၊ သတင်းသမား၏ ကျင့်ဝတ်နှင့်အညီ သတင်း ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ကြောင်း ရုံးတော်သို့ တင်ပြခဲ့သည်။
ဒေါ်ဥမ္မာလှိုင်ဘက်မှ လိုက်ပါ ဆောင်ရွက်သည့် တရားလွှတ်တော် ရှေ့နေ ဦးအောင်ရဲစိုးက “လိုပြသက်သေထဲက BBC သ တင်းထောက် တယောက်ရယ်၊ ရာဇဝတ်မှုတွေမှာ လုပ်ငန်းစဉ်တွေ ရှိတယ်။ ရဲက ရှာဖွေပုံစံနဲ့ သိမ်းရတယ်။ ရှာဖွေပုံစံထဲ မှာ သက်သေ အဖြစ်နဲ့ လက်မှတ်ရေးထိုးတဲ့ သူတွေလာပြီး အစစ်ခံတာပေ့ါ။ အခြားထွေထွေ ထူးထူးတော့ မရှိပါဘူး” ဟု ပြောသည်။
နောက်လာမည့် ၄ ကြိမ်မြောက် ရုံးချိန်းကို နိုဝင်ဘာလ ၁၈ ရက်တွင် လိုပြသက်သေ ၂ ဦးကို ဆက်လက်စစ်ဆေး သွားမည် ဟု သိရသည်။
ယခု အမှုသည် ဗစ်တိုးရီးယား အမှုမှ ဆက်နွယ်ပြီး ဖြစ်ပေါ်လာသဖြင့် ဗစ်တိုးရီးယား အမှုကို စစ်ဆေးရာတွင် အားလျော့ သွားမည် မဟုတ်ဘဲ တရားဥပဒေ လမ်းကြောင်းအတိုင်း ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း စွပ်စွဲခံရသူ တရား လွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ဆိုသည်။
ဗစ်တိုးရီးယား အမှုနှင့် ဆက်နွယ်နေသည့် Wisdom Hill ကျောင်းမှ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သားများ၏ အမှန် တရားအတွက် တရားရုံးတွင် ချပြပြောဆိုသွားမည်ဟုလည်း ပထဆုံး အကြိမ် ရုံးထုတ်သည့် အောက်တိုဘာ ၇ ရက်က သတင်းထောက်များကို ပြောဆိုထားသည်။
ဆက်စပ်ဖတ်ရှု့ရန်
ကိုအောင်ကြီး အာမခံ ရရှိရေး လျှောက်ထားချက် ပယ်ချခံရ
Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး၏ သား ၂ ဦး ၅ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေး ခံရမည်
ဗစ်တိုးရီးယားအမှုတွင် သား၂ ဦးကို သက်သေအဖြစ် မစစ်ရန် ဒေါ်ဥမ္မာလှိုင် အသနားခံစာတင်
ဗစ်တိုးရီးယားအမှု လာမည့် ရုံးချိန်း ကိုအောင်ကြီး အာမခံ ရ၊ မရ အမိန့်ချမည်