ဗစ်တိုးရီးအမှု ၁၀ ကြိမ်မြောက် ရုံးချိန်းတွင် Wisdom Hill ကျောင်းမှ CCTV ( လုံခြုံရေးကင်မရာ) တာဝန်ခံ ကိုင်ဆောင်သည့် ကိုရန်နောင်ဌေးကို စစ်ဆေးသွားမည် ဖြစ်ပြီး အချိန်ရရှိပါက ကျောင်းဘက်မှ ဆရာမ ဒေါ်နုနုအောင် ဆက်လက်စစ်ဆေးသွားမည်ဟု တရားလို ဗစ်တိုးရီးယားဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ဆိုသည်။
“တရားရုံးမှာ တရားဝင်ရှိနေတဲ့ CCTV ပျက်တဲ့ မှတ်တမ်းက ၃ ကြိမ်ရှိနေတယ်လေ။ အဲ့ဒီ ၃ ကြိမ်ရှိနေတဲ့ အခြေအနေ ဒီဟာတွေဟာ ဘယ်လို အနေအထားကြောင့် ဖြစ်တာလဲ ဆိုတာ ကိုရန်နောင်ဌေးကို သေချာ စစ်ရမယ့် အနေအထားတော့ ရှိပါတယ်” ဟု ဒေါ်ရွက်နုအောင်က ဆိုသည်။
ယနေ့ တရားခွင် စစ်ဆေးရာတွင် အမှုတွင် အဓိကျသည့် CCTV နှင့် ပတ်သက်ရျ် စစ်ဆေးမည် ဖြစ်သဖြင့် လိုအပ်မည်ထင်သည့် CCTV ၏ နည်းပညာပိုင်းနှင့် အသုံးပြုပုံ အကုန်လုံးလည်း သေသေချာချာ လေ့လာထားကြောင်း ယင်းအမှုတွင် သံသယ တရားခံအဖြစ် စွပ်စွဲခံထားရသည့် အောင်ကြီး၏ ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်က တရားခွင် စတင် မစစ်ဆေးမီ သတင်းထောက်များကို ပြောသည်။
You may also like these stories: