ရှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့သို့ ဈေးဝယ်လာသည် မန်းမော်ကျေးရွားသား ၄ဦး လမ်းခရီးတွင် မိုင်းထိပြီး ဒဏ်ရာရရှိသည့်အတွက် ကျောက်မဲခရိုင် ပြည့်သူဆေးရုံကြီးတွင် ကုသမှု ခံနေရကြောင်း သိရသည်။
ယမန်နေ့က ကိုအောင်ဝင်းနှင့် အဖော် ၃ဦးသည် ဆိုင်ကယ်ဖြင့် မိုင်းငေါ့မြို့သို့ ဈေးဝယ်ထွက်လာခဲ့ရာ အပြန်တွင် မန်မော်ကျေးရွာနှင့် နမ့်တွေကျေးရွာကြား လမ်းမပေါ် အရောက် မိုင်းတလုံးအား တိုက်မိပြီး ပေါက်ကွဲခဲ့ရာ မိုင်းစ ထိမှန်သဖြင့် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။
ထိုဒဏ်ရာများကို နမ့်တွေကျေးရွာတွင် အနည်းငယ် ဆေးကုသမှုခံယူ ပြီးနောက် အောက်တိုဘာ ၈ရက်နေ့တွင် ကျောက်မဲပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသခြင်းဖြစ်သည်ဟု သိရသည်။
ရှမ်းပြည် မြောက်ပိုင်းဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရသူများ ရှိသည့်အပြင် မိုင်းထိသဖြင့် သေဆုံး ဒဏ်ရာရသူများ လည်း အများအပြားရှိသည်။
၂၀၁၉ခုနစ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့်သော်လည်းကောင်း၊မိုင်းနင်းမိတာကြောင့်လည်းကောင်း ဒဏ်ရာခဲ့သူ စုစုပေါင်း ၁၂ဦးခန့်ရှိပြီး သေဆုံးသူ ၆ဦးခန့်ရှိပြီဖြစ်သည်ဟု သိရသည်။
မိုင်းငေါ့မြို့သို့ ဈေးဝယ်ထွက်ခဲ့သူ ၄ဦးတွင် ၃ဦးက ဒဏ်ရာများသက်သာလာသဖြင့် ဆေးရုံက ဆင်းလာသော် လည်း တဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတွင် ဆက်ပြီး ရှိနေသေးသည်ဟု ဆေးကုသမှု ခံနေရ ဆဲဖြစ် ကြောင်း ကျောက်မဲမြို့ ဇီဝိတ လူမူကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း ကဆိုသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များစွာရှိသည့်အနက်မှ ကျောက်မဲမြို့နယ်၌ တပ်မတော်အပြင် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS )တို့ အဓိက လှုပ်ရှားရာ နယ်မြေလည်း ဖြစ်သည်။
You may also like these stories:
ကျောက်တော်၌ အမျိုးသမီး ၁ ဦး မိုင်းထိ၍ ခြေထောက်ပြတ်
အစိုးရ အနေဖြင့် ရှမ်းအမျိုးသားနေ့ဟု တရားဝင် ခေါ်ဝေါ်ပေးရန် RCSS ပြော
ကျောက်မဲမြို့အနီး နွားကားတစီး ပစ်ခတ်ခံရမှု တဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ