Tiger Street Football အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မန်ချက်စတာ ယူနိုက် တက် ကစားသမားဟောင်း ရီယိုဖာဒီနန်က လမ်းမပေါ်တွင် ဘောလုံးကစားကြသည့် မြန်မာလူငယ်တွေ၏ ဘောလုံးကျွမ်းကျင်မှုသည် အံ့သြစရာကောင်းကြောင်း ချီးကျူး ပြောကြားလိုက်သည်။
ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန် မြို့ ရှိ သုဝဏ္ဍဘူမိ Event Park တွင် ပြုလုပ်သည့် သတင်းစာရှင်းလမ်းပွဲတွင် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း ရရှိခဲ့သော အတွေ့အကြုံ ပတ်သက် ပြီး ပြောကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံက ဘောလုံးကစားသမားတွေရဲ့ ပင်ကို အရည်အသွေးကို ကျနော်တော်တော်ကြီး လေးစားအထင်ကြီး မိပါတယ်။ လမ်းမတွေပေါ် မှာ ကစားတဲ့ သူတို့ရဲ့ ဘောလုံး ကျွမ်းကျင်မှု နဲ့ ဖန်တီးနိုင်စွမ်းက အတော်လေးအားကောင်းပါတယ်” ဟု ဖာဒီနန်က ပြောသည်။
အင်္ဂလန်နှင့် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရီယိုဖာဒီနန်သည် ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြေနီကုန်း ဂုံးကျော်တံတားအောက်တွင် ဘောလုံး ကစားနေကြသူများ နှင့် တွေ့ဆုံကာ ဘောလုံး အတူတူကစားခြင်းများ ပြုလုပ်ခဲ့သည်။
“ဖိနပ်မပါဘဲ ဘောလုံးကစားတာရယ် ကျနော်တို့ W ဘောလုံး ကစားတာကို ကော်ဘောလုံး ကန်ကြတာကို သူတော်တော်အံ့သြပြီး သဘောကျကြောင်း ပြောပြတယ်” ဟု ဖာဒီနန်နဲ့ Tiger Street Football အစီအစဥွ် ပါဝင်သည့် သရုပ်ဆောင် ထွန်းထွန်းက ဆိုသည်။
မြန်မာနိုင်ငံသည် ဘောလုံးကစားနည်းမှာ ယခင်က အောင်မြင်ခဲ့သည့် နိုင်ငံတခုဖြစ်ခဲ့ကြောင်း၊ ဘောလုံးကစားနည်းသည် အခြေခံအုတ်မြစ်သည် အရေးကြီးသည့် ကစားနည်းဖြစ်ခြင်းကြောင့် အချိန်တခုတွင် ပြန်လည်အောင်မြင်လာမည့်ဟု မျှော်လင့်ကြောင်း ဖာဒီနန်က ပြောဆိုသည်။
Tiger Street Football ဘောလုံးပြိုင်ပွဲများကို ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် မလေးရှာနိုင်ငံများ တွင်လည်း ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျင်းပလျက်ရှိပြီး ယနေ့ တွင် နောက်ဆုံး ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ အခမ်းအနားများကို ကျင်းပလျက်ရှိသည်။
You may also like these stories:
မြန်မာဘောလုံးအဖွဲ့ချုပ် ပထမဆုံးအကြိမ် ဘောလုံးစပွန်ဆာရရှိ
မြန်မာဘောလုံးအသင်းကို စီးပွားရေးလုပ်ငန်းရှင်များက ဒေါ်လာ ၅ သောင်း ဆုချ
အင်္ဂလန် ပရီးမီးယားရောက် အာရှရဲ့ “အပြာရောင် နဂါးတကောင်” အကြောင်း