သတင်းတို

ဦးစိုးထွန်းရှိန် တတိယအကြိမ် ရုံးထုတ် ရွှေလုပ်ကွက် ရရှိခဲ့မှုကို စစ်မေး

Want create site? Find Free WordPress Themes and plugins.

သတ္တုတွင်း ဥပဒေဖြင့် ရမည်းသင်းမြို့နယ် တရားရုံးတွင် တရားစွဲခံထားရသည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ယနေ့ တတိယ အကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုအား လုပ်ကွက်နှင့် ပတ်သက်၍ စစ်ဆေးခဲ့ကြောင်း ရမည်းသင်း မြို့နယ် တရားရုံးက သိရသည်။

ဦးစိုးထွန်းရှိန်၏ ရှေ့နေ ဦးလှိုင်ထွန်းက “ဒီနေ့ တရားလိုဖြစ်တဲ့ ဦးအေးဇော်ကို ဆက်လက် စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ တရား ခွင်မှာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအနေနဲ့ မိုးထိမိုးမိမှာ လုပ်ကွက် ရရှိခဲ့မှု အခြေအနေကိုပဲ အပြန်အလှန် စစ် မေးခဲ့တာပါ” ဟု ဆိုသည်။

ယခု ရုံးချိန်းတွင် တရားလိုဖြစ်သူ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းမှ အထွေထွေမန်နေဂျာ (ထုတ်လုပ်) ဦးအေးဇော်အား ဦးလှိုင်ထွန်းက စစ်ဆေးမေးမြန်းခဲ့ပြီးနောက် လာမည့် အပတ်ရုံးချိန်းကို ဒီဇင်ဘာလ ၃ ရက်သို့ ပြန်လည် ချိန်းဆိုပေးခဲ့ ကြောင်း သိရသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အား သတ္တုတွင်း ဥပဒေ ပုဒ်မ၃၀(က)ဖြင့် ရမည်းသင်းမြို့နယ် တရားရုံးတွင် တရားစွဲခံထားရသည့် အမှုတွင် တရားလို အပါအဝင် သက်သေ ၁၈ ဦး တင်ပြထားကြောင်း သိရသည်။

ဦးစိုးထွန်းရှိန်သည် ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ရွှေသတ္ထုတူးဖော်ရေး လုပ်ကွက်ရှိ မြေဧက ၆၁၀၀ ကျော်ပေါ်တွင် အမျိုး သား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအမည်ဖြင့် ရွှေလုပ်ကွက် လုပ်ကိုင်ခဲ့ပြီးနောက် အစိုးရသို့ ပေးသွင်းရမည့် သတ်မှတ် ရွှေ ပိဿာချိန်များကို ပေးသွင်းမှု မရှိသည့်အပြင် ရွှေတူးဖော် လုပ်ကိုင်ခွင့် ပိတ်သိမ်းခံရပြီးချိန် အထိ တရားမဝင် တူးဖော်မှုများ ပြုလုပ်သည် ဟုဆိုကာ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ရမည်းသင်း မြို့မ ရဲစခန်း၌ မြန်မာ့ သတ္ထုတွင်း ဥပဒေ ပုဒ်မ ၃၀(က) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

(ဦး) စိုးထွန်းရှိန် အမှု တရားလို စတင်စစ်ဆေး

တရားခံပြေး (ဦး)စိုးထွန်းရှိန်ကို ထိုင်းနိုင်ငံတွင် ဖမ်းမိ

Did you find apk for android? You can find new Free Android Games and apps.
Loading