သတင်းတို

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အဆောင်အယောင်များနှင့် မဲဆွယ်ခွင့်ရှိ ဟုဆို

နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရရှိထားသည့် အဆောင် အယောင်တို့သည် လုံခြုံရေးအရ ပေးထားခြင်း ဖြစ်၍ ယင်းပစ္စည်းများဖြင့် မဲဆွယ် စည်းရုံးရာ၌ အသုံးပြုမူကို ဥပဒေအရ တားမြစ်ထားခြင်း မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “နိုင်ငံတော်သမ္မတတို့ နိုင်ငံတော်အတိုင်ပင်ခံတို့ကို ပေးအပ်ချီးမြှင့်ထား တဲ့ ကားတို့ မော်တော်ကားပေါ့။ ဒါသူတို့အတွက် လုံခြုံရေးအတွက် နိုင်ငံတော်ကနေ စီစဉ်ပေးထားတာ။ ဆိုတဲ့အခါကျ တော့ သူတို့ရဲ့ လုံခြုံရေးအတွက် စီစဉ်ထားတဲ့ကိစ္စကို ဒါကို ဥပဒေအရ မလုပ်ရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး” ဟုဆိုသည်။

နေပြည်တော် ရွေးကောက်ပွဲကော်မရှင်တွင် နိုဝင်ဘာ ၂၇ရက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်း ထောက်များကို အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ၁၀(ဌ)တွင် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ မြေ ၊တစုံတရာကို တရားဝင်ပိုင်ဆိုင် သုံးစွဲ ခွင့်ရထားပါက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်းသိရသည်။

“ဒါနိုင်ငံတော်က စီမံပေးထားတာကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ သူ့ရဲ့လုံခြုံရေး ဒီကား နဲ့ပဲ သွားနေတာ ဒီလူတွေနဲ့ အစောင့်အရှောက်ပေးရမယ်ဆိုတာ အပ်နှင်းထားတဲ့ အခါကျတော့ ဒါတွေကို မသုံးရဘူးလို့ ပိတ်ပင်ထားတာတော့မရှိပါဘူး”ဟု ၎င်းကထပ်လောင်းဆိုသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အနေဖြင့် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း NLDပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားထားဖူးသည်။

You may also like these stories:

ရွေးကောက်ပွဲကော်မရှင်၏ ဖြေရှင်းမှု မျှော်လင့်ဟု ဦးကိုကိုကြီးပြော

ဗိုလ်ချုပ်ဟောင်းအချို့ ထူထောင်မည့် အမျိုးသားနိုင်ငံရေးပါတီကို ပြည်ထဲရေး စိစစ်နေ

Loading