ဗစ်တိုးရီးယားအမှု CCTV မှတ်တမ်းများ ပြန်မရပါက သမ္မတရုံး အမိန့် နာခံမည်ဟု ဆို
ဦးကျော်မင်းအောင်က “စစ်ဆေးလို့ မူရင်း မဟုတ်ခဲ့ဘူးဆိုရင် သမ္မတရုံးက ညွှန်ကြားထားတဲ့အတိုင်း ဆောင်ရွက်မှာပါ” ဟု ယနေ့ တရားခွင် ခေတ္တရပ်နားစဉ် ပြောသည်။
CCTV မှတ်တမ်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများ၊ ကွန်ပြူတာ ကျွမ်းကျင်ပညာရှင်တဦးတို့ကို စစ်ဆေးရာတွင် တရားခွင်တွင် ဖြစ်စေ၊ တရားခွင်၏ ဘေးအခန်းတွင် ဖြစ်စေ သေချာ စနစ်တကျ စစ်ဆေးသွားမည် ဖြစ်ကြောင်း ခရိုင် ဥပဒေ အရာရှိ ဦးကျော်မင်းအောင်က ဆက်ပြောသည်။
ယင်းအမှုဖြစ်စဉ် နှင့် ပတ်သက်ပြီး တရားရုံးဘအမှုတွဲများနှင့် ရုံးသက်သေ ပစ္စည်းများနှင့် ပတ်သက်ပြီး DNA နှင့် ပတ်သက်သည့် အကြောင်းအရာများ တစုံတရာမျှ ပါလာခြင်း မရှိကြောင်း၊ တရားခွင်စစ်ဆေးမှု အရသာ DNA စစ်ဆေးမှုများ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ဦးကျော်မင်းအောင်၏ ပြောကြားချက်အရ သိရသည်။
ယနေ့ ဗစ်တိုးရီးယားအမှု ၁၂ ကြိမ်မြောက် ရုံးချိန်းတွင် Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နှင့် ဆရာမ ၁ ဦးကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေးလျက်ရှိသည်။