သတင်းတို

ဒုက္ခသည် လက်ခံရေး မြန်မာ အသင့်ဖြစ်ပြီဟု ဘင်္ဂလားဒေ့ရှ်ကို ဒုတပ်ချုပ် ပြော

တပ်မတော်၏ ဖိတ်ကြားမှုကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် ကြည်းတပ် ဦးစီးချုပ် General Aziz Ahmed, BSP, BGBM, PBGM , BGBMS , PCs , G ကို မြန်မာ အစိုးရသည် ဒုက္ခသည် ပြန်လည် လက်ခံရေးတွင် အဆင်သင့် ဖြစ်နေပြီဟု ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းပြခဲ့ သည်ဟု သိရသည်။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သူတို့ (ဘင်္ဂလားဒေ့ရှ်) ကလည်း သူတို့ ကြိုးပမ်းဆောင်ရွက်နေတာတွေ ပြောပါတယ်။ ဒီဘက်ကလည်း နိုင်ငံတော် အစိုးရကနေ လုပ်ဆောင်နေတဲ့ အသင့်ဖြစ်နေတဲ့အပိုင်းတွေ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် ကြည်းတပ် ဦးစီးချုပ် ဆိုတာ လည်း သူတို့ နိုင်ငံမှာ အရေးပါတဲ့သူတယောက်ပါပဲ”ဟု ပြောသည်။

ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ် ကြည်းတပ် ဦးစီးချုပ် ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ က လေဆိပ်သို့ သွားရောက်ကြိုဆိုနုတ်ဆက်သည်။

ယနေ့တွင် နေပြည်တော်၌ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စစ်ရေးပြ အခမ်းအနားဖြင့် ကြိုဆိုပြီး တွေ့ ဆုံ ဆွေးနွေးရာတွင် နှစ်နိုင်ငံ တပ်မတော် ၂ ရပ်အကြား ချစ်ကြည် ရင်းနှီးရေး၊ ဆက်ဆံရေးများ တိုးမြင့် ဆောင် ရွက်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နေရပ်ဒေသ စွန့်ခွာ သွားကြသူများ အရေးလည်း ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်တာဝန်ရှိသူတချို့က ပြောသည်။

ယနေ့ ညပိုင်းမှာ ညစာစားပွဲနှင့် တည်ခင်းဧည့်ခံမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ကြည်းတပ် စစ်ဦးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ သည် တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာမည် ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက်အဖွဲ့ (ARSA) က ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကြောင့် တပ်မတော် ခေါင်းဆောင်များမှာ နိုင်ငံတကာ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။

You may also like these stories:

စီးပွားရေးလုပ်ငန်းများကို ၂၀၂၀ မှစ၍ အခွန်ကောက်တော့မည်ဟု AA စစ်ဦးစီးချုပ် ပြော

တရားမဝင်ကုန်စည် ဝင်ရောက်မှု ရေကြောင်းရဲများ ဖွဲ့၍ဖမ်းဆီးရန် စီစဉ်နေ

Loading