သတင်းတို

လယ်ယာကဏ္ဍအတွက် နိုင်ငံတကာ စံချိန်စံညွှန်းမီ မူဝါဒများ ပြင်ဆင်လျက်ရှိ ဟုဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အတွက် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ပြည့်မီသော မူဝါဒများကို ပြင်ဆင်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။

ယနေ့ နေပြည်တော်ရှိ MGallery Nay Pyi Taw by Sofitel ဟိုတယ်၌ တောင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာ နိုင်ငံမှ မူဝါဒချမှတ်သူများနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကြား ပထမဦးဆုံး အကြိမ်အဖြစ် တွေ့ဆုံ ဆွေးနွေးသည့် လယ်ယာ စိုက်ပျိုး စီးပွားရေး ဖိုရမ်၂၀၁၉ (Agrobusiness Forum) တွင် ယင်းသို့ ပြောခြင်း ဖြစ်သည်။

ဒေါက်တာ အောင်သူကနိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့က လယ်ယာစိုက်ပျိုးရေး ကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်တာက ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်တာနဲ့ တိုက်ရိုက်အချိုးကျပါတယ်ဟု ဖိုရမ် အဖွင့် မိန့်ခွန်း၌ ပြောကြားသွားသည်။

ထို့ပြင် မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း အရင်းအနှီး ရရှိရေးနှင့် နည်းပညာ အခက်အခဲများစွာရှိသော လယ်ယာ စိုက် ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတို့အတွက် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ပြည့်မီသော မူဝါဒများကို ပြင်ဆင်လျက်ရှိသည့် အပြင် အရည်အသွေး ကောင်းမွန်သည့် ပြည်တွင်း ထုတ်ကုန်များ ဈေးကွက် ထိုးဖောက်နိုင်ရန်အတွက်လည်း လုပ်ဆောင်လျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရေး၊ ပြင်ဆင် ပြောင်းလဲရန် လိုအပ်နေသော မူဝါဒများနှင့် ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် လယ် ယာ စိုက်ပျိုးလုပ်ငန်းများ လုပ်ကိုင်နေကြသော ပြည်တွင်းလုပ်ငန်းများ၏ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို အဓိက ဆွေး နွေးကြမည် ဖြစ်သည်။

ယခု ဖိုရမ်သည် မြန်မာ့လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ၏ အဓိကစိန်ခေါ်မှု အခက်အခဲများကို လက်တွေ့ ဖြေရှင်းနိုင်သည့် နည်းလမ်းများကို ပေးအပ်နိုင်ရုံမက မြန်မာ့စိုက်ပျိုးရေး စီးပွားရေး ကဏ္ဍကို အားယုတ်စေသည့် မူဝါဒ စည်းမျဉ်းစည်းကမ်း အနေအထားနှင့် စီးပွားရေး ဆိုင်ရာ အခြေအနေများ အပေါ် နားလည် သဘောပေါက်စေနိုင်မည် ဖြစ်ကြောင်း Eurocham မြန်မာ၏ အမှုဆောင် ဒါရိုက်တာ Mr.Marc de fouchardiere က ပြောသည်။

၎င်းကလယ်ယာစိုက်ပျိုးရေး အတွက် ချေးငွေကိစ္စတွေ၊ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ ကုန်သွင်းကုန်ဆိုင်ရာ မူဝါဒများကို ကျနော်တို့မှာ ရှိတဲ့ နိုင်ငံတကာက အတွေ့အကြုံများကို ပြန်လည်မျှဝေပေးသွားမှာ ဖြစ် ပါတယ်ဟု ဆိုသည်။

ယခု ဖိုရမ်ကို ဥရောပကုန်သည်ကြီးများ အသင်း (EuroCham Myanmar) ဥရောပ သမဂ္ဂ (EU)  စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (OECD) အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) တို့ ပူးပေါင်း ဆောင်ရွက်ကြခြင်း ဖြစ်သည်။

ဖိုရမ်သို့ မြန်မာနိုင်ငံ အစိုးရ အဖွဲ့အစည်းများမှ မူဝါဒ ချမှတ်သူများ၊ မြန်မာ့ စိုက်ပျိုးရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်များနှင့် အလုပ်သမား အသင်းအဖွဲ့များ၊ နိုင်ငံတကာနှင့် ပြည်တွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများ (FAO Grow Asia UNODC AFD ) အစရှိသည့် အဖွဲ့များမှ လူပုဂ္ဂိုလ်ပေါင်း ၂၀၀ ဝန်း ကျင် တက်ရောက်ခဲ့ကြသည်။

You may also like these stories:

အစိုးရ သတ်မှတ်နှုန်း နောက်ကွယ်က ဆန်စပါး ဈေးကွက်

နိုင်ငံပိုင် ဘဏ်များ၌ နိုင်ငံခြားငွေ အပ်နှံရာတွင် ပေးရမည့် ဝန်ဆောင်ခ ပယ်ဖျက်ရန်စီစဉ်

Did you find apk for android? You can find new Free Android Games and apps.
Loading