ရန်ကုန်မြို့တွင်း သံချပ်ကာ ကားများ ယမန်နေ့ညက မောင်းနှင်သွားသည့် ဖြစ်စဉ်မှာ တပ်မတော် လေ့ကျင်ရေး အခမ်း အနားတခု ဆောင်ရွက်ရန်အတွက် ပြောင်းရွေ့ခြင်းဖြစ်ကြောင်း သိရသည်။
မနေ့က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမကြီးပေါ်တွင် ညအချိန် သံချပ်ကာကားများ ဖြတ်သွားမှုကို လူတဦးက ၎င်း၏ ဖုန်းဖြင့် ရိုက်ကူးပြီး လူမှုကွန်ရက်သို့ တင်ခဲ့ရာ လူထုကြားတွင် စိတ်ဝင်စားမှု များ ဖြစ်ပေါ်ခဲ့သည်။
ယမန်နေ့ညက ရန်ကုန်မြို့တွင်း ဖြတ်သန်းသည့် သံချပ်ကာ ကားများ/ဂျိုးဇက်ဦး/Facebook
“လေ့ကျင့်ရေး အခမ်းအနားတခု လုပ်ဖို့အတွက် တပ်တွေ ရွှေ့တာပါ။ သံချပ်ကာ ကားတွေပေါ့။ နေ့ခင်း မရွေ့ဘူး ဆို တာက ရန်ကုန်မှာက ကားကြပ်လို့ ညကို ရွေးပြီး ရွှေ့ရတာပါ”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရန်ကုန်တိုင်းစစ်ဌာချုပ်မှ ဗိုလ်မှူးကြီး သန်းထူးဇော်ကလည်း ရန်ကုန်မြို့ ရှိ လုံခြုံရေးစခန်းများမှ ကားများကို ရွှေ့ ပြောင်း ရခြင်း ဖြစ်ကြောင်း၊ ယခင်ကလည်း ယခုလို ရွှေ့ပြောင်းရသည့် ဖြစ်စဉ် ရှိကြောင်း၊ ယခုလို ကိစ္စမျိုးကို အများပြည်သူ အိပ်သည့် ညဘက်တွင် ရွှေ့ပြောင်းရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
You may also like these stories:
ထိုင်းကြည်းတပ်အတွက် အမေရိကန်လုပ် သံချပ်ကာယာဉ်များရောက်ရှိ
ထိုင်းကြည်းတပ် အမေရိကန် သံချပ်ကာ ကားများ ဝယ်ယူရန် သဘောတူညီမှုရရှိ