တနသာင်္ရီတိုင်း ကော့သောင်းမြို့ ၏ အနောက်ဘက် ၁၅၅ မိုင်အကွာ မြန်မာ့ ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၈ နာရီခန့်က လူ ၁၈၀ ခန့် လိုက်ပါလာသည့် တရားမဝင် လူမှောင်ခို စက်လှေတစီး ဖမ်းဆီးရမိကြောင်း စုံစမ်း သိရှိရသည်။
ယင်းစက်လှေကို ရေဒါတွင် မသင်္ကာဖွယ် ပေါ်ပေါက်လာသဖြင့် တပ်မတော် (ရေ) က ရှာဖွေ တွေ့ ရှိခဲ့ခြင်း ဖြစ်ပြီး စက်လှေပေါ်တွင် မွတ်စလင် ၁၈၀ ခန့် လိုက်ပါလာပြီး မလေးရှား ရေပိုင်နက်သို့ သွားရောက်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်က ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က“ဘင်္ဂါလီ ၁၈၀ ယောက်၊ ကျား ၈၂၊ မ ၆၉ ယောက်၊ လူငယ် အရွယ် ကျား ၁၃ ယောက်၊ မ ၉ ယောက် စုစုပေါင်း ၁၇၃ ယောက်၊ လှေသား စက်လှေမောင်းတဲ့သူ ကျား ၇ ယောက် ဖမ်းရဆီးရမိပါတယ်”ဟု ပြောသည်။
၎င်းတို့ကို ပဏာမ စစ်ကြောချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း (အုန်းကျွန်း) သို့ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် ရောက်ရှိလာကြောင်း၊ ဒီဇင်ဘာလ ၄ ရက်၊ ၆ ရက်နှင့် ၁၀ ရက်နေ့များတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တဦးက ယခုလှေပေါ်တွင် ပါလာသူများကို လှေနှင့် ၃ ခေါက်ခွဲ၍ လာပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၁ နာရီလောက်မှာ အဲဒီကနေ ထွက်လာတယ်လို့ ပြောတယ်။ သူတို့ကို စစ်ဆေးချက် အရ မလေးရှားနိုင်ငံ ရေပြင်ထဲကို ပို့ပါဆိုပြီး ပြောထားတာ ရှိတယ်။ ဟိုရောက်မှ ဆက်သွယ်မယ်ဆိုတာတော့ သိရ တယ်။ ဖမ်းမိသူတွေကို အခု ကော့သောင်းကို ပို့ဖို့ လုပ်နေပါတယ်။ လုပ်ထုံး၊ လုပ်နည်းအတိုင်း ဆက်လက် ဆောင် ရွက်သွားပါမယ်”ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်မှတဆင့် ရန်ကုန်မြို့သို့ ဝင်ရန်ကြိုးပမ်းသည့် အထောက် အထားမဲ့သူ ၉၆ ဦးကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာ ကမ်းခြေဒေသတွင် ဖမ်းဆီးရမိခဲ့သေးသည်။
You may also like these stories:
ရန်ကုန်တွင် သံချပ်ကာကား တချို့ ညပိုင်းမောင်းနှင်မှု၊ တပ်ရွှေ့ပြောင်းခြင်းသာဖြစ်ဟု ဆို
အတိုင်ပင်ခံ ပုဂ္ဂိုလ် ထောက်ခံပွဲ SNLD ဆိုင်းဘုတ် မှားယွင်းကိုင်ဆောင်မှု ပြန်လည် တောင်းပန်