သတင်းတို

မြန်မာ ပန်းချီပညာရှင်များကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး

Want create site? Find Free WordPress Themes and plugins.

မြန်မာပန်းချီးဆရာများသည် အရှေ့တောင်အာရှတွင် အတော်ဆုံးဟုမြင်မိကြောင်း နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမွမ်းတင်ချီးကျူးခဲ့သည်။

ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ Strand Hotel တွင် ၂ ရက်တာကျင်းပနေသည့် ဟေမန္တပန်းချီပြပွဲသို့ ယမန် နေ့(ဒီဇင်ဘာ ၂၆)က တက်ရောက်စဉ် ၎င်းက ချီးကျူးပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ အလှအပများအား လူအများခံစားနိုင်အောင် ဖော်ထုတ်ပေးနေသည့်အတွက်လည်း ကျေးဇူးတင်ကြောင်းလည်း ဆိုခဲ့သည်။

“ပထမ ကျွန်မလည်း နည်းနည်းပါးပါး မျက်နှာလိုက်တဲ့ သဘောရှိလား၊ ဓမ္မဓိဋ္ဌာန် ကျကျမြင်တာ ဟုတ်မှ ဟုတ်ရဲ့ လားပေါ့နော်။ ကျွန်မတို့ရဲ့ နိုင်ငံက ပန်းချီဆရာတွေဟာ အရှေ့တောင်အာရှမှာ အတော်ဆုံးလို့ မြင်ပါတယ်။ ကျွန်မမျက်စိထဲမှာ အရှေ့တောင်အာရှ ပန်းချီဆရာတွေထဲမှာ ကျွန်မတို့ ပန်းချီဆရာတွေ ရေးဆွဲတဲ့ပန်းချီကားတွေက ပိုပြီးအဓိပ္ပါယ် ရှိတယ်။ လှလည်း လှတယ်ပေါ့နော်”ဟု ဒေါ်အောင်ဆန်းစု ကြည် က ပြောသည်။

အဆိုပါ ပန်းချီးပြပွဲတွင် ပန်းချီပညာရှင် ၅၆ ဦး၏ ပန်းချီကာ ၁၁၆ ကားအား ပြသလျှက်ရှိပြီး ပြပွဲအား အလုပ်များကြောင့် ပင်ပန်းနေသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် အပန်းပြေစေရန် ရည်ရွယ်ချက် တခု အနေဖြင့် ကျင်းပခြင်းလည်း ဖြစ်ကြောင်း ပြပွဲတွင် ပါဝင်ပြသနေသည့် ပန်ချီအနုပညာရှင် ကိုဇွဲရန်နိုင်က ပြောသည်။

“သူ့အတွက် ရည်ရွယ်ပြီးတော့ ပန်းချီဆရာတွေက စုပြီးလုပ်တဲ့ပွဲဆိုရင် ပိုမှန်ပါတယ်၊ အလုပ်တွေအရမ်း များပြီး ပင်ပန်းနေ တဲ့သူ့အတွက် အပန်းပြေစေဖို့ရည်ရွယ်တာပါ၊ ပန်ချီလောကကို အစိုးရတွေ၊ လုပ်ငန်းရှင်တွေက အထောက်အပံ့ပေးတာ အားနည်ပါတယ်၊ အဲ့ဒီတော့ ကိုယ့်ဟာကိုယ်ပဲ လျှောက်လှမ်းပြီး ကမ္ဘာကိုထိုးဖောက်ကြရတာပါ၊ မြန်မာပန်ချီဆရာတွေ ကြိုးစားပြီး နိုင်ငံတကာကို ပခုံးချင်းယှဉ်နေတဲ့ အနေအထားမှာ သူ့ရဲ့ဂုဏ်ယူမှုက ကြိုးစားရကျိုးနပ်စေပါတယ်၊ နောက်ထပ် လျှောက်ရမယ့် လမ်းအတွက် သူပေးတဲ့ အားကကြီးမားပါတယ်”ဟု ကိုဇွဲရန်နိုင်က ပြောသည်။

ရေဆေးပန်းချီဆွဲခြင်းအား စိတ်ကိုတည်ငြိမ်စေသည့်အတွက် ကိုယ်တိုင်ဝါသနာပါသည့်အပြင် ပန်းချီအနု ပညာ၏ အလှအား ကြည့်ရှူ့ရသည်ကို နှစ်သက်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ သည်။

နိုင်ငံအနေဖြင့် အခက်အခဲ၊ ပြဿနာ စိန်ခေါ်မှုများလေလေ နိုင်ငံအပေါ်တွင် ပိုမိုယုံကြည်မှုရှိလေဖြစ်ပြီး ပြည်သူ၏ ပြဿနာများ၊ စိန်ခေါ်မှုများအပေါ် ကျော်လွှားနိုင်သည့် အရည်အချင်းရှိသည်ကိုလည်း ယုံ ကြည်ကြောင်း ၎င်းကပြောခဲ့သည်။

“တကယ့် အရေးရယ်၊ အကြောင်းရယ်ဆိုရင် အားလုံးက ဝန်းရံကြပါတယ်။ တကယ့်ကို လိုအပ်တဲ့ အချိန် မှာဆိုရင် မထွက်လာတာ မရှိပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ အနုပညာရှင်တွေနဲ့ ပန်းချီဆရာဆရာမတွေ ဟာလည်း ဒီလိုပါပဲ။ ကျွန်မတို့ နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတာကို သူတို့နည်း၊ သူတို့ဟန်နဲ့ ရှာနေတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

You may also like these stories:

အသက်ရှင်စဉ် ငြိမ်းချမ်းရေးရတာ မြင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

စီးပွားရေးဖွံ့ဖြိုးလာသည့် ဗီယက်နမ်ကို အထင်ကြီးမိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အစိုးရကို လမ်းတွေပြင်ဖို့ ပန်းချီပညာနဲ့ သတိပေးခဲ့တဲ့ အိန္ဒိယနိုင်ငံသား ပန်းချီပညာရှင်

Did you find apk for android? You can find new Free Android Games and apps.
Loading