နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၌ ဘာသာရေး ခေါင်းဆောင်များ၊ ဒေသခံ ပြည်သူများနှင့် တွေ့ ဆုံရန်ရှိကြောင်း သတင်းရရှိသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်သည် နက်ဖြန် မနက်ပိုင်းတွင် နေပြည်တော်မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သို့ စတင် ထွက်ခွာ မည် ဖြစ်ပြီး နေ့လယ်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ဟိုတယ်တခုတွင် ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် စတင် တွေ့ ဆုံမည် ဖြစ်သည်။
ထို့နောက် ကချင်ပြည်နယ် ခန်းမတွင် လူထုတွေ့ ဆုံပွဲတခု ပြုလုပ်ရန် ရှိကြောင်း၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ရန် ရှိကြောင်း သိရသည်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နှစ်ကလည်း ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ခဲ့သလို မနောကွင်းသို့ သွားရောက်၍ ကချင်ရိုးရာ ဝတ်စုံဖြင့် ဝင်ရောက်ကပြခဲ့သေးသည်။
You may also like these stories:
ပဲခူးဝန်ကြီးချုပ် လူထုတွေ့ဆုံပွဲ သတင်းယူခွင့် တားမြစ်မှု တိုင်ကြားမည် ဟုဆို
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိုးကုတ်မြို့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်မည်
တပ် ကိုယ်စားလှယ်များ လူထု တွေ့ဆုံမှု ကျင့်ဝတ်နှင့် မညီဟု NLD အမတ်များ ပြော