• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

စိန်ခေါ်မှုများကြောင့် ၂၀၂၀ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ၆.၄ ရာခိုင်နှုန်းသာ ကမ္ဘာ့ဘဏ်ခန့်မှန်း

by အောင်သီဟ
16 January 2020
in သတင်းတို
A A
ရန်ကုန်အခြေစိုက် အထည်ချုပ်လုပ်ငန်းခွင် တခု  / ဧရာဝတီ

ရန်ကုန်အခြေစိုက် အထည်ချုပ်လုပ်ငန်းခွင် တခု / ဧရာဝတီ

4.4k
VIEWS
Share on FacebookShare on Twitter

၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်မှ ဇန်နဝါ ရီ ၁၅ ရက်က ထုတ်ပြန်လိုက်သည့် မြန်မာ့ စီးပွားရေး စောင့်ကြည့် အစီအရင်ခံစာသစ်၌ ပါရှိသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်ချက်အရ မြန်မာ့ စီးပွားရေး တိုးတက် မှုနှုန်းကို ၇ ရာခိုင်နှုန်းအထိ ရှိမည်ဟု ခန့်မှန်းထားသဖြင့် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်မှာ ယင်းနှုန်းထားအောက် လျော့ကျ နေကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းမှာ ၆ ဒသမ ၃ တွင် ရှိနေသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
888
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင် မီ အကောင်အထည်ဖော် သွားဖွယ်ရှိသည့် အစိုးရ၏ အခြေခံ အဆောက်အအုံများအတွက် ဘတ်ဂျက် သုံးစွဲမှုများကြောင့် ၂၀၁၉-၂၀၂၀ တွင် စီးပွားရေး တိုးတက်မှုနှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုထား သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေများမှာ နှေးကွေးနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဘဏ္ဍာရေး လုပ်ငန်း များတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုထားခြင်းကြောင့် အားကောင်းရန် ရှိနေကြောင်း၊ သို့သော် ရခိုင်ပဋိပက္ခ အပါ အဝင် ပြည်တွင်း ပဋိပက္ခ ဖြစ်ပွားနေခြင်း၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ၏ ကုန်ထုတ်စွမ်းအား နည်းပါးခြင်းနှင့် အဖွဲ့အစည်းများ ဆိုင်ရာတွင် အခက်အခဲများ ရှိနေခြင်းက ရင်းနှီးမြှုပ်နှံသူများ၏ သဘောထား အမြင်အပေါ် သက်ရောက်မှုရှိကာ တိုင်းပြည် ၏ ရေရှည်ဖွံ့ဖြိုးမှု အလားအလာအပေါ် များစွာ သက်ရောက်မှု ရှိနေကြောင်းလည်း ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

ထို့ကြောင့် ပဋိပက္ခများ အဆုံးသတ်ရန် လူမှုရေး ပြန်လည် ပူးပေါင်းပါဝင်လာမှုများ (Social inclusion) အားကောင်း အောင် ဆောင်ရွက်ရန်နှင့် တာဝန်ယူမှု ရှိသည့် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတရပ် ဖြစ်ထွန်းလာစေရန် အစိုးရက အားပေး ဆောင်ရွက်ရန် လိုကြောင်း ကမ္ဘာ့ဘဏ်၏ ဌာနေ ကိုယ်စားလှယ် (ယာယီ) Mr. Gevorg Sargsyan က ပြောသည်။

၎င်းက “ ပုဂ္ဂလိက ကဏ္ဍ အားကောင်းလာတဲ့အတွက် မြန်မာ့စီးပွားရေးက လျင်မြန်စွာနဲ့ တိုးတက်နေတယ်ဆိုတော့ ကျ နော် ပြောချင်တယ်။ အစိုးရရဲ့ ဌာနအချင်းချင်း လက်တွဲပြီး ချိတ်ဆက် လုပ်ဆောင်ဖို့တွေ ပိုပြီး အားကောင်းလာဖို့ လိုနေ သေးတယ်” ဟု ဆိုသည်။

မြန်မာ့ စီးပွားရေးတွင် ဆောက်လုပ်ရေး လုပ်ငန်းများ နှေးကွေးစွာ လည်ပတ်နေရသော်လည်း စက်မှုကုန်ထုတ် လုပ်ငန်းများ အားကောင်းလာခြင်းကြောင့် ၂၀၁၈-၁၉ တွင် စက်မှုလုပ်ငန်း ကဏ္ဍသည် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ စိုက် ပျိုးရေးကဏ္ဍသည် ထုတ်ကုန် အမျိုးအစား များပြား စုံလင်လာခြင်းနှင့် တင်ပို့သည့် နိုင်ငံများလာခြင်းကြောင့် ၁ ဒသမ ၆ ရာ ခိုင်နှုန်းနှင့် တည်ငြိမ်နေကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့ပြင် အစားအသောက် ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် လျှပ်စစ် ဓာတ်အားခနှုန်းထား တိုးမြှင့်လိုက်ခြင်းကြောင့် ၂၀၁၉ ခုနှစ် ဇွန်လမှ စတင် မြင့်တက်လာသော ငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၁၉ သြဂုတ်လတွင် ၁၀ ဒသမ ၄ ရာခိုင်နှုန်း အထိ ရောက်ရှိလာခဲ့ကြောင်း ယင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ Lead Economist ဖြစ်သူ Mr. Han Anand Beck က “အခြား နိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်မှုနှုန်းတွေ ကျနေပေမယ့် မြန်မာကတော့ သိပ်ပြီး ကျသွားတဲ့ အထဲမှာတော့ မပါဘူး။ ဒါပေမယ့် သွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာ တဲ့အတွက် ပြည်တွင်း အသေးစား အလတ်စား လုပ်ငန်းတွေ အတွက် စိန်ခေါ်မှုတခု ဖြစ်လာနိုင်တယ်” ဟု သုံးသပ်သည်။

ယင်းသို့ စိန်ခေါ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် စီးပွားရေးများ လုပ်ကိုင်ရ လွယ်ကူမှု အညွှန်းကိန်းသည်၂၀၁၉ ခုနှစ်၌ နိုင်ငံပေါင်း ၁၉၀ အနက် ၁၇၁ တွင် ရှိခဲ့ရာမှ ၂၀၂၀ တွင် ၁၆၅ အထိ တိုးတက်လာမှု မြန်မာ့ စီးပွားရေးမှာ အကောင်းဘက်ကို ဦးတည်နေကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

You may also like these stories:

စီးပွားရေးဖွံ့ဖြိုးလာသည့် ဗီယက်နမ်ကို အထင်ကြီးမိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လယ်ယာကဏ္ဍအတွက် နိုင်ငံတကာ စံချိန်စံညွှန်းမီ မူဝါဒများ ပြင်ဆင်လျက်ရှိ ဟုဆို

ကျနော်တို့ရဲ့ စီးပွားရေးဟာ တဖြည်းဖြည်း ထိုင်စားတဲ့ စီးပွားရေး ဖြစ်လာနေတယ်

Your Thoughts …
Tags: ကမ္ဘာ့ဘဏ်မြန်မာ့စီးပွားရေး
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.2k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

by ဧရာဝတီ
1 July 2024
8.3k

သို့သော် ရန်ကုန်မှ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်းတွင်ပင် မြန်မာ၏ အကျပ်အတည်း လက္ခဏာများကို သိသိသာသာ မြင်လာရသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
11 September 2023
5.1k

၂၀၃၀ ခုနှစ်တွင် အားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အလားအလာ မှေးမှိန်နေသည်ဟုလည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြသည်။

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

by Thompson Chau
15 December 2023
4.8k

စစ်ကောင်စီ ရင်ဆိုင်နေရသည့် စွမ်းအင်အကျပ်အတည်းကို တော်လှန်ရေး အင်အားစုများက ဆင်နွဲသည့် မကြာသေးမီက ထိုးစစ်က ပိုမိုဆိုးရွားစေသည်။

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

by ဧရာဝတီ
2 September 2023
4.3k

လေဖြတ်ထားတဲ့ တုတ်ကောက်နဲ့ သက်ကြီးရွယ်တွေ၊ ကလေးချီထားတဲ့ မိခင်တွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေ အစားအသောက်ယူဖို့ စောင့်နေတာတွေ ကျနော်တို့ တွေ့နေရတယ်။

အာဆီယံဥက္ကဋ္ဌ  လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

အာဆီယံဥက္ကဋ္ဌ လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

by ဧရာဝတီ
27 January 2024
2.8k

အရှေ့တောင်အာရှ သံတမန်များသည် ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံအပေါ် တရုတ်အကြွေး ချုပ်ကိုင်မှုကို အနီးကပ်စောင့်ကြည့်ရန် အချိန်ပေးနေရသည်။

Next Post
နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် ဆန္ဒအလျောက် ကူညီပံ့ပိုးလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများအား အစိုးရက ဖိတ်ခေါ်ခဲ့သည်

ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ဥပဒေပြုပြီး ဖိတ်ခေါ်ပါ

ကာတွန်း တရုတ်သမ္မတကြီးအား ကြိုဆိုပါ၏

ကာတွန်း တရုတ်သမ္မတကြီးအား ကြိုဆိုပါ၏

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate