ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္ဒီမြို့နယ်၊ နမ့်ခိုက် ကျေးရွာအနီးတွင် လက်နက်ခဲယမ်း အမြောက်အမြား တပ်မတော် စစ်ကြောင်းတခုက တွေ့ ရှိသဖြင့် ယနေ့ ညနေပိုင်းက သိမ်းဆည်းရမိကြောင်း သတင်း ရရှိသည်။
တွေ့ ရှိရသည့် လက်နက်ခဲယမ်းများမှာ ၁၀၇ မမအောက်ခံ ၃ ချောင်းထောက် ပစ်စင်တခု၊ ၁၀၇ မမ ဒုံးသီး ၆ လုံး၊ ၁၀၇ မမ ဒုံးသီးယမ်းတောင့် ၁၂ တောင့်၊ ၁၀၇ မမ အဝေးထိန်း ရီမု တခု၊ ၁၀၇ မမ ဒုံးသီးထိပ်ဖူး ၂၂ လုံး၊ RPG ဒုံးသီး ၁၀၈ လုံး၊ RPG ယမ်းတောင့် ၁၀၈ တောင့်၊ ၄၀ မမ ဗုံးသီး ၂၉၉ လုံး၊ ၆၀ မမ ဗုံးသီး ၁၂ လုံးနှင့် ၆၀ မမ ဗုံးသီး ယမ်းထုတ် ၆၀ ထုပ်တို့ ဖြစ်ကြောင်း တပ်မတော်မှ ရရှိသည့် အချက်အလက်များအရ သိရသည်။
“၁၀၇ မီလီမီတာ ၃ ချောင်းထောက်တွေကတော့ ကျနေ်ာတို့ ယူဆတာကတော့ KIA အဖွဲ့ကနေ ထုတ်လုပ်ထားတဲ့ဟာ တွေ ဖြစ်ပါတယ်။ အဲဒီနယ်မြေမှာ လှုပ်ရှားတာက KIA အဖွဲ့ နဲ့ TNLA အဖွဲ့ တို့ လှုပ်ရှားတဲ့နယ်မြေ ဖြစ်ပါတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
အထက်ပါ လက်နက်ခဲယမ်းများကို နမ့်ခိုက်ကျေးရွာအနီး အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ၅ ပေ ပတ်လည်ရှိသော ကျောက်လှိုင်ဂူတခု အတွင်း တွေ့ရှိခြင်း ဖြစ်ပြီး မည်သည့်အဖွဲ့ ၏ လက်နက်ခဲယမ်းများ ဖြစ်ကြောင်း ကို စိစစ်ဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် ပလောင် (တအန်း)အမျိုးသားလွတ် မြောက်ရေး တပ်မတော် (TNLA)မှ သိုလှောင်ထားသည့် လေယာဉ်ပစ်ဒုံးလက်နက် အပါ အဝင် လက်နက်ခဲယမ်း လေးသောင်းကျော်ကို တပ်မတော်က နယ်မြေရှင်းလင်းစဉ် သိမ်းဆည်းရမိခဲ့သေးသည်။
You may also like these stories:
နယ်စပ်က လက်နက်ကိုင်များကို တရုတ် လက်နက်ထောက်ပံ့နေခြင်းအား မကျေနပ်ကြောင်း ပြသ
စစ်ရှောင်ဒုက္ခသည်တွေရဲ့ ဆုတောင်း
မြန်မာပြည်ထဲ ဝင်လာတဲ့ တရုတ်လုပ် လေယာဉ်ပစ်ဒုံးများ