• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

စာသင်ကာလ တိုးမြှင့်ခြင်းကို အမြန်ဆုံးဖျက်သိမ်းပေးရန် မုံရွာတွင် ဆန္ဒပြ

by ဒီလှိုင်းဝင်း
21 January 2020
in သတင်းတို
A A
ယနေ့ ဇန်နဝါရီ ၂၁ ရက် မုံရွာမြို့တွင် ပြုလုပ်သည့် စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဆန္ဒပြပွဲ / ဒီလှိုင်းဝင်း

ယနေ့ ဇန်နဝါရီ ၂၁ ရက် မုံရွာမြို့တွင် ပြုလုပ်သည့် စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဆန္ဒပြပွဲ / ဒီလှိုင်းဝင်း

1.8k
VIEWS
Share on FacebookShare on Twitter

အခြေခံပညာကျောင်းများတွင် စာသင်ကာလ တိုးမြှင့်ခြင်းအား ကန့်ကွက်ကြောင်းနှင့် အမြန်ဆုံးဖျက်သိမ်းပေးရေး ဇန်နဝါရီလ ၂၁ရက်နေ့က မုံရွာပညာရေးကောလိပ်မှ ကျောင်းသား ကျောင်းသူ ၄၀၀ ကျော်က ဆန္ဒပြတောင်းဆို ခဲ့ကြသည်။

ဆန္ဒပြတောင်းဆိုရာတွင် အာဏာရှင်ဆန်သော ပညာရေးစနစ် အလိုမရှိ၊ အခြေခံပညာစာမေးပွဲကာလ တိုးမြှင့်ခြင်းအား ပြန်လည်ဖျက်သိမ်းပေးရေး ဒို့အရေး စသည့် ကြွေးကြော်သံများဖြင့် မုံရွာပညာရေးကောလိပ်အတွင်းမှ မုံရွာမြို့လယ် ဗိုလ်ချုပ်ကြေးရုပ်၊ကန်သာယာ အထိ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

RelatedPosts

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
400
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
376
၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

12 June 2025
501
ယနေ့ ဇန်နဝါရီ ၂၁ ရက် မုံရွာမြို့တွင် ပြုလုပ်သည့် စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဆန္ဒပြပွဲ(ဒီလှိုင်းဝင်း)

“ပညာရေးဝန်ကြီးဌာန က စာသင်ကာလနောက်ဆုတ်တယ်ဆိုတာပဲပြောနေပြီး ဘာတွေ ဘယ်လိုဆက်လုပ်မယ်ဆိုတာ မပြောဘူး။ တကယ်က ဒီစာသင်ကာလတိုးတာ ကျောင်းသား ကျောင်းသူတွေအတွက်ရော ဆရာ ဆရာမတွေအတွက်ရော ကောင်းကျိုးမရနိုင်ဘူး။ ဒါ့ကြောင့် ဒီစာသင်ကာတိုးတာကို ဖျက်သိမ်းပေးစေလိုတယ်” ဟု ဗကသများအဖွဲ့ချုပ် ပညာရေး ဆိုင်ရာ အတွင်းရေးမှုး ကိုညီညီမင်းထက်ဝေက ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာရေး စာသင်ကာလကို မတ်လအထိ တိုးမြှင့်လိုက်ခြင်းသည် အာဏာရှင်ဆန်နေပြီး ပညာရေးပြုပြင်ပြောင်းလဲမှုသည် ဒီမိုကရေစီ မဆန်ခြင်းကြောင့် ပညာရေးကောလိပ်များတွင် ဝန်ကြီးဌာနမှ လစ်လျူရှု့ ခဲ့သည့်အတွက် ပညာရေးစနစ်၏ ကောင်းကျိုးဆိုးကျိုးများကို ဝန်ကြီးဌာနသိစေလို၍ ဆန္ဒပြခြင်းဟု သိရသည်။

ယနေ့ ဇန်နဝါရီ ၂၁ ရက် မုံရွာမြို့တွင် ပြုလုပ်သည့် စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဆန္ဒပြပွဲ(ဒီလှိုင်းဝင်း)

ယခင် ပညာသင်နှစ်များတွင် အခြေခံပညာကျောင်းများ၏ စာမေးပွဲကို ဖေဖော်ဝါရီ လတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်အတွက် အခြေခံပညာအသီးသီး၏ ကျောင်းတွင်းစစ်စာမေးပွဲများအား တက္ကသိုလ်ဝင်တန်းပြီးဆုံးသည့်အချိန်တွင် စစ်ဆေးရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ၂၀၁၉ ဒီဇင်ဘာလ ၂၀ ရက်နေ့က စာထုတ်ခဲ့သည်။

ထိုကဲ့သို့ အခြေခံပညာ စာမေးပွဲကာလ တိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ဖဲကြိုးစိမ်း လှုပ်ရှားမှုများကို ပညာရေးတက္ကသိုလ် များနှင့် ပညာရေးကောလိပ်များတွင် ဇန်နဝါရီလ ၇ ရက်က စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးတက္ကသိုလ် များ၊ ကောလိပ်များတွင် လုပ်ဆောင်လျှက်ရှိပြီး ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာမှ ဆရာ ဆရာမများ ကျောင်းသား သမဂ္ဂများ နှင့် ညှိနှိုင်းတိုင်ပင်ပြီး အသစ်ပြန်လည်သတ်မှတ်သည့် အချိန်မှသာ အဆိုပါ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ရပ်နားသွားမည်ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီ က ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: ဆန္ဒပြမုံရွာ/ စာသင်ကာလ တိုးမြှင့်ခြင်း
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

by ဧရာဝတီ
13 June 2025
2.7k

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) စစ်ဆေးရေးဂိတ် (ဗိုလ်ရိုင် ဂိတ်)အား အခွန်ကောက်ယူမှုနှုန်း များလွန်သဖြင့် ဇွန် ၁၁ ရက်မှစတင်ကာ ယနေ့အချိန်ထိ ကားသမားများနှင့် ဒေသခံများက ဆန္ဒပြနေကြောင်း သိရသည်။

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

by ဧရာဝတီ
21 March 2024
2.4k

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် ပြုလုပ်ခဲ့သော ရိုဟင်ဂျာများ၏ ဆန္ဒပြပွဲသည် စစ်ကောင်စီက ကြိုးကိုင်စီစဉ်ခဲ့ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုသည်။

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

by ဧရာဝတီ
15 May 2025
2k

နာမည်ကျော် Adidas ဖိနပ်များထုတ်လုပ်ပေးနေသည့် စက်ရုံကြီးတခုဖြစ်ကာ တရက်လျှင် လုပ်အားခ ၅၂၀၀ ကျပ်သာရရှိ၍ ၁၂၀၀၀ ကျပ်အထိတိုးမြှင့်ပေးရန် တောင်းဆိုနေခြင်းဖြစ်

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

by ဧရာဝတီ
19 November 2024
1.4k

အလုပ်သမားများက အချက် ၁၈ ချက်ကို တောင်းဆိုထားကြပြီး ထိုထဲတွင် အမျိုးသမီးအလုပ်သမား ၂ဦးကို ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား စက်ရုံဒါရိုက်တာကို လုပ်ငန်းခွင်မှ ထုတ်ပယ်ပေးရန်၊ အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်ပြန်ခန့်ရန်၊ လုပ်ငန်းခွင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်

လားရှို့မြို့ကနေ မဆုတ်ခွာဖို့ MNDAAကို မြို့ခံတွေ ဆန္ဒပြ (ရုပ်/သံ)

လားရှို့မြို့ကနေ မဆုတ်ခွာဖို့ MNDAAကို မြို့ခံတွေ ဆန္ဒပြ (ရုပ်/သံ)

by ဧရာဝတီ
21 March 2025
1.2k

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့တော် လားရှိုးကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အနေနဲ့ မြို့ကနေ ပြန်လည် မထွက်ခွာဖို့ မြို့ခံတွေက မတ်လ ၂၀ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
693

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

Next Post
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်နေသည့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / Yangon Region Government

ရန်ကုန်တိုင်းအစိုးရ ပြည်သူ့ဘဏ္ဍာများကို မိမိသဘောဆန္ဒအတိုင်း သုံးနေ ဟု ဝေဖန်

နီကယ်သတ္တုရိုင်းမြေစာ တန်ချိန် ၅၀၀၀ ပေးပို့နေသော ပိုက်လိုင်း / မြတ်ပြည့်ဖြိုး

တကောင်းနီကယ်စက်ရုံက အလုပ်သမားတွေရဲ့ ဒုက္ခ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate