• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

နေပြည်တော်လုံခြုံရေး ကျပ် ၄ ဘီလီယံကျော် အကုန်ခံ၍ CCTV များ တပ်ဆင်မည်

by မိုးမိုး
22 January 2020
in သတင်းတို
A A
နေပြည်တော်ရှိ ဟိုတယ်ဇုန်တွင် လုံခြုံရေး ယူနေကြသည့် ရဲတပ်ဖွဲ့ဝင်များ  / သီဟလွင် / ဧရာဝတီ

နေပြည်တော်ရှိ ဟိုတယ်ဇုန်တွင် လုံခြုံရေး ယူနေကြသည့် ရဲတပ်ဖွဲ့ဝင်များ / သီဟလွင် / ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

နေပြည်တော် လုံခြုံရေးတိုးမြှင့်ရန်အတွက် CCTV (လုံခြုံရေး ကင်မရာ) များကို ကျပ် ၄ ဘီလီယံကျော် အကုန်ကျခံ တပ်ဆင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော် လုံခြုံရေး အဆင့်မြင့်တင်ရန်အတွက် ၂၀၁၉ – ၂၀၂၀ ဘတ်ဂျက်နှစ်အတွက် ကျပ် ၄.၁ ဘီလီယံတောင်းခံထားပြီးဖြစ်ကြောင်း၊ လုံခြုံရေး ကင်မရာ တပ်ဆင်ခြင်းသည် (Hide Technology ) ဖြစ်သည့်အတွက် မည်သည့် နေရာများတွင် မည်သည် ပုံစံဖြင့် တပ်ဆင်သွားမည်ကို အတိအကျ ပြော၍ မရကြောင်း ပျဉ်းမနားမြို့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ဆိုသည်။

RelatedPosts

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
268
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.6k

ဦးသန်းစိုးအောင်က“ CCTV တပ်မှာက နေပြည်တော်ကောင်စီရန်ပုံငွေနဲ့ သွားတာဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော် ကနေသွားတာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ထို့သို့ CCTV တပ်ဆင်ရန်အတွက် ကန့်သတ်တင်ဒါ စနစ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီ ၁၂ ခု အဆိုပြု လျောက် ထားကြောင်း၊ ယင်းကုမ္ပဏီများကို နေပြည်တော်ကောင်စီ အနေဖြင့် စီစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

နေပြည်တော်မှ Linn IT solution Co., ltd ၏ လုပ်ငန်းရှင်တဦးဖြစ်သူ ဦးနေလင်းထိုက်က “ ဒီဇင်ဘာ ၁၆ ရက်နေ့က ကုမ္ပဏီ အနေနဲ့ ဝင်ပြိုင်ထားတယ်။ အကြောင်း မပြန်သေးဘူး” ဟု ပြောသည်။

ကုမ္ပဏီပိုင်း အနေဖြင့် CCTV စက်တပ်ဆင်သည့် အပိုင်းသာ ဆောင်ရွက်ရခြင်း ဖြစ်ပြီး ဖမ်းယူထားသည့် အချက်အလက်များကို သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။

သမ္မတရုံးထုတ်ပြန်ထားသည့် တင်ဒါ လုပ်ထုံးလုပ်နည်း (၁/၂၀၁၇)အရ လုံခြုံရေးဆိုင်ရာနှင့် အထူးကိစ္စရပ်များအတွက် တင်ဒါ ခေါ်ယူရာတွင် အချုပ်ထောင်၊ တပ်မတော်တွင်းကိစ္စများ၊ လုံခြုံရေးနှင့် စစ်လက်နက် ဝယ်ယူရန် အစရှိသည့် ပစ္စည်းများဝယ်ယူမည်ဆိုပါက ယုံကြည် စိတ်ချရသည့် ကုမ္ပဏီများကို ရွေးချယ်ဝယ်ယူခွင့် ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ရှင်းပြသည်။

လုံခြုံရေး ကင်မရာများ တပ်ဆင်ရန် ၂၀၁၉- ၂၀၂၀ ဘတ်ဂျက်နှစ်အတွက် တောင်းခံထားခြင်း ဖြစ်သည့်အတွက် ယခုနှစ် စက်တင်ဘာလအတွင်း အပြီး တပ်ဆင်ရမည် ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အပြီးတပ်ဆင်နိုင်ခြင်းမရှိပါက တောင်းခံထားသည့် ငွေပမာဏများ ပြန်လည် ပေးအပ်ရကြောင်း လွှတ်တော် ကိုယ်စားများက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေးရှိစေရန်အတွက် မြို့ဝင်၊ မြို့ထွက်၊ ဘုရား၊ ဈေး ၊ ကားဂိတ်၊ ပန်းခြံ၊ မီးပွိုင့် အစရှိသည့် လူစည်ကားရာနေရာများတွင် CCTV ကင်မရာများ အလုံး ၄၀၀ ကျော်တပ်ဆင်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အချက်အလက်များအရ သိရသည်။

ထိုသို့တပ်ဆင်ထားသည့် ကင်မရာများကို နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် Control Center အဖြစ် ထားရှိပြီး ၂၄ နာရီလုံး စောင့်ကြည့်လျက်ရှိကြောင်း ယင်းတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

You may also like these stories:

မြန်မာမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ “ရိုဟင်ဂျာ”လော်ဘီများ

လမိုင်းမြို့မှ အွန်လိုင်းစုမဲငွေ လိမ်လည်ပြီး တိမ်းရှောင်နေသူ ဖမ်းဆီးရမိ

Your Thoughts …
Tags: CCTV
မိုးမိုး

မိုးမိုး

...

Similar Picks:

လူငယ်ထိန်းသိမ်းရေးစခန်းတချို့၌ အကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ

လူငယ်ထိန်းသိမ်းရေးစခန်းတချို့၌ အကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ

by ဧရာဝတီ
7 June 2024
1k

ထိန်းသိမ်းခံရသူအများစုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅-က ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ၊ ၅၀ (ည) စသည့် နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ် ၃ နှစ်မှ ၁၅ နှစ်ထိ ကျခံနေရသူများဖြစ်ကြောင်း

လုပ်ကြံသတ်ဖြတ်ခံရသည့် အငြိမ်းစား စစ်တပ်အရာရှိဖြစ်သူ ရန်ကုန်လေဆိပ် Operation ဒါရိုက်တာ ဦးရဲခိုင်

အငြိမ်းစား စစ်တပ်အရာရှိ ရန်ကုန်လေဆိပ် Operation ဒါရိုက်တာ ဦးရဲခိုင် ပစ်သတ်ခံရ

by ဧရာဝတီ
20 June 2023
5k

စစ်ကောင်စီဘက်က တင်းကျပ်ထားမှုများရှိနေသော်လည်း မြို့ပြပြောက်ကျားရဲဘော်များ၏ ကျွမ်းကျင်မှု နှင့် ပြည်သူများ၏ ဝန်းရံကူညီမှုတို့ကြောင့် မစ်ရှင်များ တခုပြီးတခု လှုပ်ရှားလာနိုင်ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ နာမည်မဖော်လိုသည့် မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတဦးက ဆိုသည်။

နိုဝင်ဘာ ၂၀ ရက်နေ့  ဗစ်တိုးရီးယား အမှု ၁၁ ကြိမ်မြောက် ရုံးချိန်းအပြီ / ဧရာဝတီ

ဗစ်တိုးရီးယားအမှု CCTV မှတ်တမ်းဖိုင်များ ပြန်ရရေး ဆောင်ရွက်ရန် တရားသူကြီး ခွင့်ပြု

by မိုးမိုး
21 November 2019
14.8k

ဥပဒေအရာရှိ ဦးကျော်မင်းအောင်က CCTV စစ်ဆေးမှုကို အချိန်ရှေ့တိုး၍ ပြုလုပ်ခွင့်ပေးရန် ရုံးတော်သို့ တင်ပြခဲ့အပြီး ဒက္ခိဏခရိုင် တရားသူကြီး ဦးတင့်လွင်က ခွင့်ပြုလိုက်သည်။

ဗစ်တိုးရီးယား အမှု တရားမျှတမှု ရရှိရေး လှုံ့ဆော်သည့်ပုံ

ဗစ်တိုးရီးယားအမှု CCTV မှတ်တမ်းများ ပြန်မရပါက သမ္မတရုံး အမိန့် နာခံမည်ဟု ဆို

by မိုးမိုး
4 December 2019
44.9k

အိုင်တီကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးသည့်အခါတွင် မူရင်းဖိုင်များ မပါလာပါက သမ္မတရုံး ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒက္ခိဏခရိုင် ဥပဒေရုံးမှ ဥပဒေ အရာရှိ ဦးကျော်မင်းအောင်က ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး  /  အဲမလီ /  ဧရာဝတီ

ရန်ကုန်အတွင်း မှုခင်း အဖြစ်များသည့် နေရာများတွင် CCTV တိုး၍ တပ်မည်

by သဇင်လှိုင်
6 June 2019
7.5k

ရန်ကုန် အတွင်း မှုခင်း ဖြစ်ပွားလေ့ရှိသည့် မြို့နယ်များတွင် CCTV များ ထပ်မံ တိုးချဲ့ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး က ပြောသည်။

ဗစ်တိုးရီးယားအမှု စစ်ဆေးနေသည့် ဒက္ခိဏခရိုင် တရားရုံး  / မိုးမိုး / ဧရာဝတီ

Wisdom Hill မှ တင်သည့် သက်သေခံ CCTV မှတ်တမ်းတွင် ဖိုင်များ မပါလာ ဟုဆို

by မိုးမိုး
6 November 2019
10.4k

Wisdom Hill မူကြိုကျောင်းမှ သက်သေအဖြစ် တင်သွင်းသည့် လုံခြုံရေး ကင်မရာ (CCTV) တွင် ဖိုင်များမှ မပါလာသဖြင့် ဖမ်းယူထားသည့် ဖိုင်များ ပြန်လည်ရရှိရန် အိုင်တီနည်းပညာရှင်များ ခေါ်ယူလိုကြောင်း နှစ်ဖက် ရှေ့နေများက လျှောက်လဲ ခဲ့ကြသည်။

Next Post
ဟောင်ကောင်မှာ တွေ့ရတဲ့ ခရီးသွားများ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူကို ဟောင်ကောင်မှာ ပထမဆုံးအကြိမ် တွေ့ရှိ

လိမ္မော်သီးသည် အဘကို သွားရောက် လှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်  / ထက်ဝေ / ဧရာဝတီ

လိမ္မော်သီးသည် အဘကို စည်ပင်ဝန်ထမ်းတွေ လုပ်တဲ့လုပ်ရပ်အပေါ် ရှုတ်ချလိုက်တဲ့ ရွှေပိုးအိမ်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate