မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်း ရပ်ကွက်ရှိ အငှားအိမ်ရာ တိုက်တန်း၌ လုံခြုံရေး တာဝန်ထမ်း ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တဦး ကိုင်ဆောင်ထားသည့် သေနတ်မှ ကျည်ဆန် မတော်တဆ ထွက်သွားခဲ့ရာ အရပ် သားတဦး ဒဏ်ရာ ရှိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့က သိရသည်။
မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိတဦးက “အငှားအိမ်ရာက အရပ်သားတဦး အရက်သေစာ သောက်စားပြီး သေနတ်ထဲမှာ ကျည်ရှိလားလို့ မေးတာကို ရှိကြောင်း ပြတဲ့အချိန်မှာ မတော်တဆ ကျည်ထွက်ခဲ့ တာပါ။ အရပ်သားရဲ့ ညာဘက်ခြေထောက်ကို ထိမှန်ခဲ့လို့ ဆေးရုံကြီးမှာ ဆေးကုနေပါတယ်။ မစိုးရိမ်ရပါဘူး” ဟု ပြောသည်။
ရဲမှတ်တမ်းအရ ဇန်နဝါရီ၂၁ ရက် ညက မင်းတဲအီကင်း ရပ်ကွက် B ပတ် လမ်း၊ ၁၉ လမ်းနှင့်၂၂ လမ်း ကြား၊ စံပယ် အိမ်ရာတောင်ဘက်ရှိ ဝင်/ထွက်ပေါက်၌ စည်ပင်သာယာ ရဲတပ်ဖွဲ့မှ ရဲအုပ်ရဲ အောင်၊ မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ တိုင်းအကူ တပ်ဖွဲ့ခွဲမှ ရဲတပ်ကြပ် စိုင်းဝဏ္ဏ၊ အမှတ်(၁၆) လုံခြုံရေး ရဲတပ်ဖွဲ့ ခွဲမှ ရဲတပ်သား ဖြိုးမင်းဟန်နှင့် အမှတ်(၉) မြို့မရဲစခန်းမှ ရဲတပ်သား ကျော်ကျော်ငြိမ်းတို့ လုံခြုံရေး တာဝန်ကျစဉ် ယင်းအိမ်ရာ၊ အဆောင်(၁)၊ အခန်း(၆၁)၌ နေ ထိုင်သူ ဦးနိုင်ထွန်းက ရဲတပ်သား ကျော်ကျော်ငြိမ်း ကိုင်ဆောင်သော MA-13 သေနတ်တွင် ကျည်ရှိလားဟု မေးမြန်း ရာ ယင်းတပ်သားမှ ကျည်ရှိကြောင်း ပြောဆိုပြီး ထိုင်ရာမှ ထစဉ် သေနတ်အတွင်းမှ ကျည် ၁ တောင့် ပေါက်ထွက်ခဲ့ ကာ ဦးနိုင်ထွန်း၏ ယာဘက် ခြေချင်းဝတ်အား ထိမှန်ခဲ့ခြင်းဟု ရဲမှတ်တမ်းအရသိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ဦးနိုင်ထွန်းအား မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး အရေးပေါ် ကုသ ဆောင်သို့ ပို့ဆောင်ကာ ဆေးကုသပေးခဲ့ပြီး လူနာမှာ စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း သိရသည်။
ယခုအခါ မတော်တဆ ကျည်ထွက်မှု ဖြစ်ပွားခဲ့သည့် ရဲတပ်သား ကျော်ကျော်ငြိမ်း အား မန္တလေးတိုင်း ဒေသကြီး ရဲ တပ်ဖွဲ့ တိုင်းအကူတပ်ဖွဲ့ တပ်ခွဲအချုပ်သို့ ပို့ဆောင်ထားပြီး ရဲစည်းကမ်းများအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယခုလ ၂၀ ရက်က လည်း တာချီလိတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့မှူး တဦးသည် KTV ဆိုင်မှ အမျိုးသမီးများကို သေနတ် ပါကြောင်း ထုတ်ပြရာမှ ကျည်ထွက်သွားမှု ဖြစ်ပွားခဲ့သဖြင့် ရဲစည်းကမ်းများအရ ၎င်းအား ထိန်းသိမ်းထားကာ အရေး ယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
You may also like these stories:
နေပြည်တော်လုံခြုံရေး ကျပ် ၄ ဘီလီယံကျော် အကုန်ခံ၍ CCTV များ တပ်ဆင်မည်
မြန်မာမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ “ရိုဟင်ဂျာ”လော်ဘီများ
လမိုင်းမြို့မှ အွန်လိုင်းစုမဲငွေ လိမ်လည်ပြီး တိမ်းရှောင်နေသူ ဖမ်းဆီးရမိ