ရန်ကုန်မြို့, မြောက်ဒဂုံမြို့နယ်, ပင်လုံလမ်းနှင့် အဏ္ဍဝါလမ်းထောင့်ရှိ CB ဘဏ်ခွဲတွင် ယနေ့မနက်ပိုင်းက ငွေသိန်း ၆၀၀ ကျော် ဝင်ရောက်လုယူခံရမှု ဖြစ်ပွားခဲ့ကြောင်း မြောက်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ က အတည်ပြုပြောသည်။
“ဟုတ်ပါတယ်။ ဖြစ်တာတော့ မှန်ပါတယ်။ ဓားပြတိုက်တာက လူ ၅ ယောက်အထက်မှ သတ်မှတ်လို့ရတာပါ။ အခုက လူ ၁ ယောက်တည်း လုပ်သွားတာပါ။ ကျနော်တို့လည်း အခုမှရောက်တဲ့အတွက် ပါသွားတဲ့ ငွေပမာဏ အတိအကျ မသိသေးဘူး” ဟု မြောက်ဒဂုံ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးနိုင်ဦးက ဧရာဝတီသို့ အတည်ပြုသည်။
ထို့အပြင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းလွင်ကလည်း ထိုကိစ္စဖြင့် အလုပ်ရှုပ်နေသဖြင့် မဖြေကြားနိုင်သေးဟု ပြောကြားသည်။
လက်ရှိတွင် တရားခံကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဘဏ်အား ပိတ်ထားပြီး ရဲတပ်ဖွဲံဝင်များ စစ်ဆေးနေကြောင်း သိရသည်။
ဘဏ်အနီးဝန်းကျင်ရှိ ဈေးဆိုင် အချို့လည်း ပိတ်ထားပြီး ဖြစ်စဉ်မှာလည်း မှန်ကန်ကြောင်း ဧရာဝတီသို့ အတည်ပြုကြသည်။
CB ဘဏ်တာဝန်ရှိသူများသို့ ဆက်သွယ်ခဲ့သော်လည်း လတ်တလောတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါ။
You may also like these stories:
တရုတ်ဘဏ်ချေးငွေ ၄ မျိုး မန္တလေးတွင် မိတ်ဆက်
ဘဏ်က မှားယွင်းစွာ ထည့်ပေးမိတဲ့ ဒေါ်လာ တသိန်းကျော်ကို သုံးစွဲခဲ့တဲ့ စုံတွဲ တရားစွဲခံရ