• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် ကန်ဒေါ်လာသန်း ၁၁၀ ကျော် ချေးယူရန် လွှတ်တော် အတည်ပြု

by သီဟလွင်
20 February 2020
in သတင်းတို
A A
၂၀၂၀ ဖေဖေါ်ဝါရီလ ၁၉ ရက်က  ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် /  Pyidaungsu Hluttaw

၂၀၂၀ ဖေဖေါ်ဝါရီလ ၁၉ ရက်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် / Pyidaungsu Hluttaw

4.2k
VIEWS
Share on FacebookShare on Twitter

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်မည့် မကွေး-ရွှေတောင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အဆင့်မြှင့် အစားထိုး လဲလှယ်ခြင်း ဆောင်ရွက်ရန် ကိုရီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ချေးငွေ ရယူရေး ယမန်နေ့ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်သည်။

သဘာဝဓာတ်ငွေ့ ပို့လွှတ်ဖြန့်ဖြူးခြင်း စွမ်းရည်ဖွံ့ဖြိုးမှု စီမံကိန်း (မကွေး-ရွှေတောင် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း အစားထိုး ဆက်သွယ်ခြင်း စီမံကိန်း) အတွက် ကိုရီးယားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF) ထံမှ ချေးငွေရယူမည် ဖြစ်သည်။

RelatedPosts

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

22 May 2025
1.8k
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
292
ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

8 May 2025
465

နှစ်နိုင်ငံချေးငွေ သဘောတူချုပ် ချုပ်ဆိုပြီးပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး ဝန်ကြီးဌာနနှင့် အသေးစိတ် ဆွေးနွေးညှိနှိုင်းကာ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုဘဝများ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက် သွားမည်ဟု ဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က “ယခု စီမံကိန်းကို ဆောင်ရွက်နိုင်ခဲ့မည် ဆိုပါက မြန်မာ နိုင်ငံ အထက်ပိုင်းနဲ့ အောက်ပိုင်းရှိ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းများကို ချိတ်ဆက်ပေးနိုင်တဲ့ ပင်မကျောရိုး ၂၀ လက်မ ပိုက် လိုင်း ကွန်ရက်စနစ်တခု တောင့်တောင့်တင်းတင်း ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်” ဟု လွှတ်တော်တွင်း ဆွေးနွေးစဉ် ပြော သည်။

ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ရေနံချောင်း Off-Take Point မှတဆင့် ကျော်စွာ ဓာတ်မြေသြဇာ စက်ရုံအပါအဝင် အခြားသော စက်ရုံ အလုပ်ရုံများအတွက် ဖြန့်ဖြူးပေးပို့နိုင်မည် ဖြစ်သောကြောင့် မြန် မာပြည် အလယ်ပိုင်း ဒေသ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်မည်ဟု ဆိုသည်။

ယခု စီမံကိန်းမှတဆင့် ရွှေတောင် ဓာတ်အားပေး စက်ရုံ အသစ်ကို လည်ပတ်စေနိုင်ခြင်းအားဖြင့် လျှပ်စစ် ၇၀ မဂ္ဂါဝပ် ပိုမို ထုပ်လုပ်နိုင်ပြီး နိုင်ငံ၏ ဓာတ်အားလိုအပ်ချက်ကို ထောက်ပံ့လာနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောဆိုသည်။

ချေးငွေ စီမံကိန်းအများစုတွင် ချေးငွေပေးသည့် အဖွဲ့အစည်းနှင့် မိမိတို့နိုင်ငံ၏ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများအရ လုပ်ငန်း နှောင့်နှေးကြန့်ကြာတတ်မှုများ ရှိသည့်အတွက်ကြောင့် ယခု စီမံကိန်းတွင်လည်း လိုအပ်ချက်များကို ကြိုတင် ပြင် ဆင်ရန် လိုအပ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒု ဦးမောင်မောင်ဝင်းက ပြောသည်။

“စီမံကိန်း အကောင်အထည်ဖော်ရာမှာ ချမှတ်ထားတဲ့ Work Plan များအတိုင်း အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ၎င်းက လွှတ်တော် အစည်းအဝေး၌ ပြောဆိုသည်။

ချေးငွေထုတ်ယူသုံးစွဲမှု၊ ချေးငွေ အရင်း အတိုး၊ အချိန်စေ့သည့်အခါ ပြန်လည်ပေးဆပ်မှုများ စသည့် လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်မှုအပိုင်းကိုလည်း စောင့်ကြည့် ကြပ်မတ်သွားမည်ဟု ဦးမောင်မောင်ဝင်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ လက်ကျန်များ အဖြစ် တပ်မတော် အစိုးရ လက်ထက်တွင် အမေရိကန်ဒေါ်လာ ၆.၃၇၆ ဘီ လီယံ၊ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ၃.၂၀၅ ဘီလီယံ၊ ယခု အစိုးရ လက်ထက်တွင် ဝ.၄၂၂ ဘီလီယံ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀.၀၀၃ ဘီလီယံ ကျန်ရှိနေသေးကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားသည်။

You may also like these stories:

ကျပ်သိန်း ၇၈၀၀ ကျော် အလွဲသုံးထားသည့် မန္တလေး စည်ပင်ဝန်ထမ်း တိမ်းရှောင်နေ

လူကယ်ပြန်ဝန်ကြီး စီးနင်းလိုက်ပါလာသည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ

Your Thoughts …
Tags: EDCFကိုရီးယားချေးငွေသဘာဝဓာတ်ငွေ့ပိုက်လိုင်း
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

တရုတ်နိုင်ငံကို သွယ်တန်းစဉ်ကမြင်တွေ့ရသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း  / Shwe Gas

တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စက်ရုံအနီး စစ်ကောင်စီမိုင်းထောင်သဖြင့် ဒေသခံများစိုးရိမ်နေ

by ဧရာဝတီ
20 January 2022
10.9k

သူတို့မြှုပ်ထားတဲ့နေရာမှာ သူတို့ပြန်သွားတာပဲဖြစ်ဖြစ်၊ မိုင်းတွေကို မဖြုတ်ဘဲ ကျန်ခဲ့မယ်ဆိုရင် ရွာသူရွာသားတွေက မိုင်းအသိပညာလည်း မရှိဘူး။ ကြာလာရင် အကုန်မေ့သွားပြီးမှ မရှိလောက်တော့ဘူးဆိုပြီး သွားတဲ့အခါကျရင် နောက်ပိုင်း ပြဿနာတွေ ဖြစ်လာနိုင်တာပေါ့

တောင်ကိုရီးယား အကူအညီဖြင့် တည်ဆောက်နေသော ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း / ဧရာဝတီ

အခြေခံအဆောက်အဦး ဆောက်လုပ်ရေး ရံပုံငွေ တောင်ကိုရီးယား ယာယီရပ်ဆိုင်း

by ဧရာဝတီ
18 April 2021
21.8k

မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အဦး စီမံကိန်းများအား ငွေကြေးအထောက်အပံ့ပေးခြင်းကို နောက်နှစ်အထိ ရပ်ဆိုင်းထားရန် တောင်ကိုရီးယား အစိုးရက ဆုံးဖြတ်လိုက်သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတခုကို ၂၀၁၁ ခုနှစ်အတွင်း မြင်ရစဉ် / ဧရာဝတီ

ကိုရီးယားချေးငွေ ဟာကွက်များဟု ဝေဖန်

by နန်းလွင်
10 September 2018
9k

ကိုရီးယား EXIM ဘဏ်မှ အခြေခံ အဆောက်အဦးဆိုင်ရာ ချေးငွေနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။

Next Post
မင်းသား Tom Holland နဲ့ Robert Downey Jr.

ရိုက်ကွင်းပြင်ပ တွေ့ဆုံမှု ရှိနေကြသေးတဲ့ Robert Downey Jr. နဲ့ Tom Holland

John Wick ရုပ်ရှင်ကားများ

ထွက်ပြီးသား John Wick ရုပ်ရှင်တွေ အပါအဝင် နောက်ဆက်တွဲ ရုပ်ရှင်များ မြင်တွေ့ရဖို့ရှိ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.5k

Most Read

  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate