• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

တရုတ်သို့ ကိုရိုနာဗိုင်းရပ်စ် ကုသရေးပစ္စည်းအချို့ တပ်မတော် ထောက်ပံ့

by ထွန်းထွန်း
25 February 2020
in သတင်းတို
A A
တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ / Chinese Embassy in Myanmar

တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ / Chinese Embassy in Myanmar

50.2k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံသို့ နှာခေါင်းစည်း(Mask)နှင့် အကာအကွယ် မျက်မှန် စသည် တို့ကို မြန်မာ့ တပ်မတော်က ထောက်ပံ့ပို့ဆောင် လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထား သည်။

ယင်းဆေးပစ္စည်းများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်ပြီး တပ် မတော် လေယာဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွားရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

RelatedPosts

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
1k
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.9k
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
513

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒီ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နေတဲ့ တရုတ်နိုင်ငံရဲ့ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေ အောင်မြင်စေဖို့ တရုတ်ပြည်သူတွေ အတွက် ရည်ရွယ်ပြီးတော့ လှူဒါန်းရခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ဆေးပစ္စည်းများမှာ အမေရိကန်ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိ Surgicla Masks (2 Ply) အခု ၉ သောင်း၊ Type-N 95 (SM Particulate Respirator Masks) အခု ၉ သောင်း၊ Safety Goggles အခု ၉ သောင်းတို့ ဖြစ်ကြောင်း သိရ သည်။

ယင်းဆေးပစ္စည်းများ တင်ဆောင်ထားသည့် တပ်မတော် လေယာဉ်သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် နေပြည်တော် လေဆိပ်မှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း၊ ကူမင်းမြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပါက စစ်ရေးချုပ် ဒု ဗိုလ်ချုပ် ကြီး မျိုးဇော်သိန်းက ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းမည် ဖြစ်ကြောင်းလည်း တပ်မ တော်ဘက်က ပြောသည်။

“အဲဒီ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ လွှဲပြောင်း လက်ခံခြင်း စာလွှာနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို စစ်ရေးချုပ် ဒု ဗိုလ် ချုပ်ကြီး မျိုးဇော်သိန်းက တရုတ်နိုင်ငံက တာဝန်ရှိသူတွေထံကို စနစ်တကျ လွှဲပြောင်းပေးအပ်မှာပါ”ဟု ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ဆိုသည်။

တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယင်းလေဆိပ်မှပင် မြန်မာနိုင်ငံသို့ ပြန်လာမည် ဖြစ်ကြောင်း၊ နေပြည်တော်မှ ထွက် ခွာစဉ်ကလည်း တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်ဟိုင်တို့ လိုက်လံ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

COVID-19 အဆုတ်ရောင် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း ဖြစ်ပြီး တရုတ် အစိုး ရနှင့် ပြည်သူများ၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် ဆောလျင်စွာ အောင်မြင်စွာ တိုက်ဖျက်နိုင်မည်ဟု ယုံကြည် ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

ထို့ပြင် သံအမတ်ကြီး မစ္စတာ ချန်ဟိုင်က တပ်မတော်၏ ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာအပါအ ဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံ အားပေးမှုအောက်တွင် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်မှုသည် ဆောလျင် စွာ ဘက်စုံ အောင်မြင်မှု ရရှိမည်မှာ မုချဧကန် ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

တပ်မတော် အနေဖြင့် ယခုလို ဆေးပစ္စည်းများ လှူဒါန်းမှုသည် တရုတ်နိုင်ငံသို့ ပထမဆုံး အကြိမ် ဖြစ်သော်လည်း နီပေါ ငလျင်၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယား ရေဘေးတို့ကိုလည်း ယခုလို ပစ္စည်းများ လှူဒါန်းဖူးသဖြင့် နိုင်ငံတကာသို့ လှူဒါန်းမှု မှာ ၄ ကြိမ်မြောက် ဖြစ်သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံ အနှံ့ပျံ့နှံ့လျက်ရှိပြီး လက်ရှိအချိန်ထိ ကူး စက်ခံရသူပေါင်း ၇ သောင်း ၆ ထောင်ကျော်နှင့် သေဆုံးသူ ၂၄၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

(ထက်နိုင်ဇော် ပူးပေါင်း ရေးသားသည်။)

You may also like these stories:

တရုတ်-မြန်မာ ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော် ကျဆင်း

ရခိုင်မှာ စစ်ရေးအရ မအောင်မြင်မှု အစိုးရကို တပ်မတော် လွှဲချဟု AA ပြော

Your Thoughts …
Tags: ကိုရိုနာ ဗိုင်းရပ်စ်တပ်မတော်တရုတ်နိုင်ငံ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.2k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.1k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး  (ရုပ်/သံ)

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး (ရုပ်/သံ)

by ဧရာဝတီ
12 April 2025
3k

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ သား အောင်ပြည်စုံ၊ သမီး ခင်သိရီသက်မွန် တို့နဲ့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ “ရွှေဘုန်းပွင့်” စေတီတော်ကို ဧပြီလ ၁၁ ရက်နေ့က မိသားစုလိုက် ရွှေထီးတော်တင်အခမ်းအနားကျင်းပခဲ့ပါတယ်။

တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

by ထက်နိုင်ဇော်
8 May 2020
169.5k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။

၂၀၂၂ ခုနှစ်က မိုင်းလားတွင် MNDAA တပ်ဖွဲ့ဝင်များ စစ်ရေးပြစဉ်  /  ကိုးကန့် မီဒီယာ

မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်

by Bertil Lintner
21 January 2023
10.7k

ထိုသို့ ရှုပ်ထွေးသောအခြေအနေတွင် မြန်မာစစ်တပ်နှင့် ပဋိပက္ခ၌ MNDAA ပါဝင်လာသည်မှာ ယခုအချိန်သည် ပထမဆုံးအချိန်မဟုတ်သည်ကို မှတ်မိသင့်သည်။

Next Post
အဆိုတော် ဆိုဖီယာ  / ယုဖြူဟန် / ဧရာဝတီ

ဘာသာရေး ယုံကြည်မှုကြောင့် ညောင် ၁၀ ပင် အဓိဋ္ဌာန် ဝင်တဲ့ အဆိုတော် ဆိုဖီယာ

Sony မိတ်ဆက်လိုက်တဲ့ 5G ဖုန်း

Sony က ပထမဆုံး 5G ဖုန်းကို မိတ်ဆက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate