• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

အိန္ဒိယနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ၁ လပိတ်

by မျိုးပပစန်း
12 March 2020
in သတင်းတို
A A
ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားရောက်ကြသည့် မြန်မာနိုင်ငံသားများ  / ဒါန

ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားရောက်ကြသည့် မြန်မာနိုင်ငံသားများ / ဒါန

32.9k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယ အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ရန် ကမာ္ဘ့နိုင်ငံအသီးသီးက သာမန်နိုင်ငံကူး လက်မှတ်ကိုင် ဆောင်ပြီး အိန္ဒိယဗီဇာ ရယူထားသူ အားလုံးကို နိုင်ငံထဲသို့ ဝင်ရောက်ခွင့် ၁ လခန့် ပိတ်လိုက်ကြောင်း မတ် လ ၁၁ ရက်က ကြေညာလိုက်သည်။

ပြည်ဝင်ခွင့် ပိတ်ခြင်းကို မတ်လ ၁၃ ရက်မှ စတင်မည်ဖြစ်ပြီး ဧပြီလ ၁၅ ရက်အထိ ပိတ်ထားမည် ဖြစ်ကာ ထိုထဲ၌ ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးစဉ်လည်း ပါဝင်မည် ဖြစ်သည်။

RelatedPosts

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
567
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
377
၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

12 June 2025
506

ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က“ကြေညာချက်ကို မနေ့ည ၁၀ နာရီလောက်က အိန္ဒိယ အစိုးရက တင်လိုက်တယ်။ ဒါကို မြင်တော့ အုတ်အော်သောင်းနင်း ဖြစ်သွားတယ်။ အစိမ်းရောင် နိုင်ငံကူး လက်မှတ်ကိုင် ဆောင်တဲ့သူတွေတော့ ဖြတ်သန်းလို့ ရတယ်။ သာမန် နိုင်ငံကူးလက်မှတ် (အနီ) ကိုင်ဆောင်တဲ့သူတွေ မရတော့ အခု လေယာဉ် လက်မှတ်တွေ ပြန်ပြီး Cancle လုပ်နေရပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “မြန်မာ-အိန္ဒိယကို ပျံသန်းတာ လေကြောင်းလိုင်း ၄ လိုင်း ရှိတယ်။ အိန္ဒိယ လေကြောင်းလိုင်းဖြစ်တဲ့ Air India (AI)၊ Indigo တို့ကတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) မရှိတဲ့အတွက် ဒီလေကြောင်းတွေရဲ့ လက်မှတ်ဝယ်တဲ့ သူတွေကတော့ ပြဿနာမရှိဘူး။ စင်းလုံးငှား လေယာဉ်ငယ် (Charter)နဲ့ သွားတဲ့လူတွေက အိန္ဒိယမှာ လူဦးရေ ၁ ထောင်ကျော် ရှိနေတယ်။ ဒါတွေက ပြန်လာဖို့ အရေးကြီးတယ်” ဟု ရှင်းပြသည်။

အဆိုပါ အိန္ဒိယရောက် မြန်မာ ဘုရားဖူးများ ပြန်လာရေးအတွက် ယနေ့ နံနက်တွင် ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်း ကော်မတီ က အိန္ဒိယသံရုံး တာဝန်ရှိသူနှင့် သွားရောက် ညိုနှိုင်းရာတွင် ၁ ပတ် သို့မဟုတ် ၁၀ ရက်အတွင်း နေ့စဉ် ခေါ်ယူရန် သဘော တူညီမှု ရခဲ့ကြောင်း ဦးမောင်မောင်မြင့်က ပြောသည်။

ထို့ကြောင့် နီပေါသို့ ရောက်ရှိနေသော ခရီးသွားများ အနေနှင့် ယနေ့ အိန္ဒိယသို့ ပြန်လည် ဝင်ရောက်ရန်နှင့် အိန္ဒိယသို့ ရောက်ရှိနေသော ခရီးသည်များ အနေနှင့်လည်း ရှေ့ခရီးစဉ်များ ဆက်မသွားကြရန် ကော်မတီမှ အကြောင်းကြားထား ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယအစိုးရ၏ ကြေညာချက်နှင့် စပ်လျဉ်းပြီး လက်ရှိ အိန္ဒိယနိုင်ငံအတွင်း ဘုရားဖူးလှည့် လည်နေကြသော မြန် မာနိုင်ငံသားများအား ပြန်လည် ခေါ်ယူမည့် အစီစဉ်ကို ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်း ကော်မတီ၊ သာသနာရေး ဝန်ကြီး ဌာန က မတ်လ ၁၃ ရက် နေ့လယ် ၂ နာရီတွင် မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာလေယာဉ် စင်းလုံး ခရီးစဉ် အရောင်း ကိုယ်စားလှယ်များ နှင့် အသေးစိတ် ညိုနှိုင်းဆွေးနွေးမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ ဘုရားဖူး လှည့်လည်နေသော အဖွဲ့များ အနေနှင့် မိမိတို့ လေယာဉ်လက်မှတ် ဝယ်ယူထားသော အရောင်း ကိုယ်စားလှယ်များနှင့် ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်း ကော်မတီထံသို့ အဖွဲ့အမည်၊ ခရီးသည် စာရင်း၊ ဝယ်ယူထားသည့် (ဂါယာ-ရန်ကုန်) အပြန် လက်မှတ် နေ့ရက်နှင့် လေကြောင်း စသည်တို့ကို သတင်းပေးရန် ယနေ့တွင် ကော်မတီက ထုတ်ပြန်ထားသည်။

အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်ကြောင့် မြန်မာ့ ပြည်ပ ခရီးသွားလုပ်ငန်း (Outbound)ကဏ္ဍအတွက် များစွာထိခိုက်မှု ရှိပြီး လက်ရှိတွင် ဗုဒ္ဓဂါယာ ခရီးစဉ်သို့ သွားရောက်မည့် လူဦးရေ ၅ ထောင်ခန့်မှာ ခရီးစဉ် ဖျက်သိမ်းခဲ့ရကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောသည်။

ဆက်စပ်ဖတ်ရှုရန်

ပြည်ပခရီးသွား လုပ်ငန်းလိုင်စင်အတွက် စပေါ်ငွေ တင်ရမည့် အစီအစဉ် မတ်လတွင် စမည်

မန္တလေး-မဏိပူ အင်ဖာ တိုက်ရိုက်ဘတ်စ်ကားခရီးစဉ် ပြေးဆွဲရန် စီစဉ်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ပြည်ဝင်ခွင့်ပိတ်ဗုဒ္ဓဂါယာအိန္ဒိယနိုင်ငံ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့က ကျိုင်းတုံတွင် ဌာပနာပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘုရားမှ ထူးခြားသော ရွှေရောင်ဆေးချယ်ထားသည့် ခေါင်းလောင်းတခုကို ကိုးကြိမ် တီးခတ်သည် / Cincds

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်

by ဧရာဝတီ
17 May 2023
23.4k

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကမ်းရိုးတန်းသို့ မေလ ၁၃ ရက်နေ့က ဆိုင်ကလုန်းမိုခါ ဝင်ရောက်ခါနီးတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဗေဒင်အရ ယတြာချေနေသည်။

အိန္ဒိယနိုင်ငံ ရောက်ရင် လည်စရာများ နေရာများ

အိန္ဒိယနိုင်ငံရောက်ရင် သွားလည်သင့်တဲ့ နေရာများ

by ရေဗန်
21 August 2018
8.4k

Hampi ဟာ သမိုင်းဝင်နေရာတခုဖြစ်ပါတယ်။ ဒီမြို့ဟာ ကမ္ဘာ့အကြီးဆုံး ယဉ်ကျေးမှုပြတိုက်ကြီးသဖွယ် ဖြစ်တယ်လို့ တင်စားထားကြပါတယ်။

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

အိန္ဒိယနိုင်ငံရဲ့ လူဦးရေဟာ ၂၀၁၇ ခုနှစ် အိန္ဒိယရဲ့ သန်းခေါင်စာရင်းအရ ၁၃ ဒဿမ ၃၄ ရှိတယ်လို့ သိရပါတယ်

အိန္ဒိယနိုင်ငံမှာသာ ရှိတဲ့ ထူးထူးဆန်းဆန်း အရာများ

by ရေဗန်
11 January 2019
19.5k

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂဲလ်မြို့မှာ ရှိတဲ့ နွားတွေအားလုံးမှာ သူတို့ရဲ့ ဓာတ်ပုံကို ထည့်သွင်းထားတဲ့ မှတ်ပုံတင်တခုစီ ရှိတယ်လို့ သိရပါတယ်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

အိန္ဒိယနိုင်ငံကို သွားလည်တဲ့အခါ ရှောင်ကြဉ်ရမယ့် အချက် ၆ ချက်

အိန္ဒိယနိုင်ငံကို သွားလည်တဲ့အခါ ရှောင်ကြဉ်ရမယ့် အချက် ၆ ချက်

by ရေဗန်
12 September 2018
42.6k

အိန္ဒိယဟာ သတ်သတ်လွတ် စားသုံးသူ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် နွားကို အိန္ဒိယ နိုင်ငံသားတွေက အလေးအမြတ် ထားကြတဲ့အတွက် ဂရုစိုက်ဖို့ လိုပါတယ်။

Next Post
ဗုဒ္ဓဂါယာမှ ပြန်လာသူ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာမဟုတ် ဟု ဆို

ဗုဒ္ဓဂါယာမှ ပြန်လာသူ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာမဟုတ် ဟု ဆို

ဗိုလ်မှူးစောဆန်းအောင်နှင့်အတူ အလင်းဝင်သွားသူများ  / ကရင်အမျိုးသား မီဒီယာ

ဗိုလ်မှူးကြီးစောဆန်းအောင် အဖွဲ့ တပ်မတော်ထံ လက်နက်ချ

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

6 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate