ရန်ကုန်ဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လူနာတဦး တွေ့ရှိထားသည့် ဆိုသော ကောလဟလ သတင်းများနှင့် ပတ်သက်ပြီး မတ်လ ၁၂ရက်နေ့အထိ ကူးစက်ခံထားရသည့် လူနာ မရှိသေးကြောင်း ရန်ကုန်ဆေးရုံကြီးက ၎င်းတို့၏ Facebook စာမျက်နှာမှ တဆင့် အများပြည်သူကို အသိပေးထုတ်ပြန်ပေးလိုက်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လူနာတယောက်တွေ့ရှိထားသည် ဆိုသည်မှာ ကောလဟလ သတင်းသာဖြစ်ပြီး ယင်းသတင်းများကို မယုံကြည်ဘဲ တရားဝင်သတင်းထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ပါရန် ရန်ကုန်ဆေးရုံကြီးက ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် မတ်လ ၈ ရက် ညနေပိုင်းအထိ COVID -19 ရောဂါပိုး တွေ့ရှိသူ တဦးမျှ မရှိသေးသော် လည်း စောင့်ကြည့် လူနာ ၇၂ ဦးနှင့် သံသယ လူနာ၂ ဦး စုစုပေါင်း ၇၄ ဦး ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးချက် အရ ၆၂ ဦးတွင် ရောဂါပိုး မတွေ့ဘဲ ကျန် လူနာများမှာ ဆက်လက် စစ်ဆေးနေသည်ဟု အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ် ပူပန်မှုများကြောင့် နိုင်ငံတော်အတိုင်ပင်ခံ၏ ခရီးစဉ် ဝေဖန်ခံရ
လူစုလူဝေးပွဲများ ရွှေ့ဆိုင်းရန် အစိုးရဌာနများကို ကျန်းမာရေးဝန်ကြီးဌာန စာပို့