မန္တလေး-မြစ်ကြီးနား ခရီးစဉ်အား ကိုးရီးယားနိုင်ငံထုတ် လေအိတ်ရထားတွဲများဖြင့် မတ်လ ၂၁ ရက်မှ စတင်၍ နေ့စဉ်ပြေးဆွဲတော့မည် ဖြစ်ကြောင်း မြန်မာမီးရထားသွားလာရေး/တိုင်း (မန္တလေး)မှ သိရသည်။
အဆိုပါ လေအိတ်ရထား ခရီးစဉ်အတွက် လက်မှတ် ၁ စောင်လျှင် ၂ သောင်းကျပ် သတ်မှတ်ထားပြီး အထက်တန်းတွဲ သာ ပြေးဆွဲမည်ဖြစ်ကြောင်း ပုံမှန် မန္တလေးမှ နေ့လည် ၁ နာရီ စတင်ထွက်ခွာမည်ဖြစ်ပြီး မြစ်ကြီးနားသို့ နံနက် ၇ နာရီ တွင် လည်းကောင်း၊ မြစ်ကြီးနားမှ နေ့လည် ၁ နာရီခွဲမှ စတင်ထွက်ခွာကာ မန္တလေးသို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
“အရင် ရထားခရီးစဉ်တွေထက် စီးနင်းချိန် မကွာပေမယ့် ဒါက လေအိတ် အထက်တန်းတွဲတွေ ဖြစ်တာကြောင့် ခရီးသွားတွေ သက်တောင့်သက်သာ၊ အေးအေးလူလူနဲ့ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ခရီးစဉ် အချိန်ရွှေ့တယ် ဆိုတာ ထက် အရင်က ဒီရထားတွေက မရှိတော့ ရှိတဲ့ရထားတွေရဲ့ ဝင်ချိန်ထွက်ချိန်ရယ်၊ ခရီးသည်တွေ အဆင်ပြေမယ့် အချိန်ရယ်ကို တွက်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ဌာန လက်ထောက် အထွေထွေ မန်နေဂျာ ဦးနေလင်းအောင် က ဧရာဝတီကို ပြောသည်။
လက်ရှိ မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်အတွက် ရထား ၅ စင်း ပြေးဆွဲလျက်ရှိပြီး တရုတ်နိုင်ငံထုတ် လေအိတ် ရထားတွဲများဖြင့် ပြေးဆွဲလျက် ရှိသည်ဟု မြန်မာမီးရထားသွားလာရေး/တိုင်း (မန္တလေး) မှ သိရသည်။
You may also like these stories:
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၁)
ဘဏ်တိုးနှုန်းလျှော့ချမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ
ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ