ဘဏ်သက်တမ်း ၂၆ နှစ်ခန့် ရှိသည့် အာရှရန်ကုန်ဘဏ်လီမိတက်သည် လက်ရှိ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှ စ၍ ဗဟို ဘဏ်က ဘဏ်လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၄၀၊ ပုဒ်မ(စ) ပါ ငွေေ ရးကြေးရေး စနစ် တည်ငြိမ်ခိုင်မာမှုကို ထိန်း သိမ်းနိုင်ရန် ကြီးကြပ်ထိန်းကျောင်းခြင်း လုပ်ငန်းတာဝန်အရ ယင်း ဥပဒေပုဒ် ၆၈ ပါ ပြဋ္ဌာန်းချက် နှင့် အညီ ငွေရေးကြေးရေးအဖွဲ့အစည်းများအား လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့် ရုပ် သိမ်းခြင်း၊ လုပ်ငန်းခိုင်မာ ကောင်းမွန်စေရန် ကြီးကြပ် စစ်ဆေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း အရ ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စ နှင့် ပတ်သက်ပြီး ဧရာဝတီက ဗဟိုဘဏ်သို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသလို အာရှရန်ကုန်ဘဏ်သို့ ဆက်သွယ်မေးမြန်းသော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အတိုင်းသာ ဖြစ်ကြောင်း တာဝန်ရှိသူတဦးက ပြန်လည်ဖြေကြားခဲ့သည်။
ဗဟိုဘဏ်သည် မတ်လ ၁၆ ရက်နေ့မှ ညနေပိုင်းမှ စတင်ကာ အာရှရန်ကုန်ဘဏ်လီမိတက်အား အုပ်ချုပ်သူခန့် ထား၍ စီမံအုပ်ချုပ်မည်ဖြစ်ပြီး ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ အနေဖြင့် သက်ဆိုင်ရာမြို့များရှိ အာရှ ရန်ကုန်ဘဏ်၏ ဘဏ်ခွဲများ၌ ပုံမှန်ရုံးချိန်အတွင်း ငွေထုတ်ယူလိုပါက ထုတ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရ သည်။
အာရှရန်ကုန်ဘဏ်သည် ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တိုင်းနှင့် ပြည်နယ် ၇ ခု ခန့်တွင် ဘဏ်ခွဲ ၁၃ ဖွင့်လှစ်ထားသည့် ဘဏ် ၁ ခုဖြစ်သည်။
You may also like these stories:
ငွေကြေးခဝါချမှု စောင့်ကြည့် နိုင်ငံစာရင်းမှ ထွက်ရန် ၁၅ လအတွင်း ကြိုးပမ်းမည်