ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား ၉၂ ဦးအား ယနေ့မတ်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံဘက်သို့ ပြန်လည် လွှဲပြောင်းပေးရာတွင် ကိုယ်ပူချိန်မြင့်တက်သူနှင့် အဖျားရှိသူ သံသယ စောင့်ကြည့် လူနာ ၁၁ ဦးတွေ့ရှိခဲ့ကြောင်း တာချီ လိတ် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။
ဒေါက်တာရွှေဝင်းက “ ၁၁ ဦးကို စောင့်ကြည့်ဖို့ ဟုတ်ပါတယ်၊ အခုတော့ သူတို့ကို လွှဲပြောင်း နေရာချထားဖို့ လုပ်နေပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ၉၂ ဦးသည် ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရပြီး တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ် ၂ ဂိတ်မှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကာ ၎င်းတို့အား ခွဲခြား ထားရှိမည့် အသေးစိတ် မသိရှိရသေးပါ။
တာချီလိတ်ထွေအုပ်ရုံး အဖွဲ့ဝင် ၁ ဦးက “ ကနဦး စစ်ဆေးချက်တွေအရတော့ ကိုရိုနာဗိုင်းရပ်စ် Clear ဖြစ်တယ်လို့တော့ သိရတယ်။ အသေးစိတ် စစ်ဆေးတာတွေလည်း ဆက်လုပ်မှာပါ၊ ပိုသေချာအောင် ဒီ ၁၁ ဦးကို သီးခြားခွဲပြီး စောင့်ကြည့် မှာပါ၊ ကျန်တဲ့သူတွေကိုလည်း ၁၄ ရက်စောင့်ကြည့်ဖို့ လုပ်ထားပါတယ်”ဟု ပြောသည်။
အဆိုပါ ၉၂ ဦးလုံးအား တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာ တရားစခန်းများ ပြုလုပ်ရာ ရိပ်သာတွင် သီးခြား ခွဲထားကာ ၁၄ ရက်ကြာ စောင့်ကြည့်မည်ဖြစ်ပြီး အစားအသောက်များ စီစဉ်ပေးမည် ဖြစ်ကြောင်းလည်း ၎င်းတို့ထံက သိရသည်။
ယနေ့မနက်ပိုင်းကလည်း တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ် ၁ ဂိတ်မှ မြန်မာနိုင်ငံသား ၁၈၆ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်းလည်း တာချီလိတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
You may also like these stories:
ရပ်ရွာတွေမှာ လူထုအားကိုယူပြီး စောင့်ကြည့် သတင်းပေးတဲ့စနစ် လုပ်နေတယ်
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တရုတ်များ ပေးမဝင်ဖို့ ကချင်အမတ်တချို့ သမ္မတထံ စာပို့
နယ်စပ်ဖြတ် ပြန်လာသူများ အိမ်ပြန်ပို့ပြီး ၁၄ ရက် စောင့်ကြည့်မည်