ဗြိတိန်ထီးနန်းကို ဆက်ခံမယ့် အိမ်ရှေ့မင်းသားဖြစ်သူ ချားစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ နန်းတော်က မတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ မင်းသားဟာ ရောဂါလက္ခဏာများ ပြနေပြီဖြစ်ပေမယ့် ကျန်းမာရေးကောင်းလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မင်းသား ချားစ်ရဲ့ သားဖြစ်သူ မင်းသား ဝီလျံကိုလည်း စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ရောဂါကူးစက်ခံထားရခြင်း မရှိဘူးလို့ သိရပါတယ်။
နန်းတော်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ မင်းသား ချားစ်နဲ့ ဇနီးဖြစ်သူတို့ဟာ သူတို့ရဲ့ သီးသန့်နန်းဆောင်မှာ ရောဂါခြေချုပ်နဲ့ နေထိုင်နေပြီဖြစ်ပြီး “မင်းသားအနေနဲ့ ရောဂါကို ဘယ်နေရာကနေ ကူးစက်ခံခဲ့ရတယ်ဆိုတာကတော့ မသေချာသေးဘူး”လို့ နန်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။
Ref. BBC
You may also like these stories:
ဂျိမ်းစ်ဘွန်းရုပ်ရှင်သစ် ‘No Time To Die’ ပြသမယ့်ရက် နိုဝင်ဘာအထိ ရွှေ့ဆိုင်း
မင်းသား Orlando Bloom နဲ့ ပထမဆုံး ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ Katy Perry