COVID-19 ရောဂါပိုး ရှိသူ Case - 16 လူနာနှင့် ဆက်စပ်သူ လူပေါင်း ၂၇ ဦး ကို စောင့်ကြည့်
မနေ့က ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အသစ်ထပ်မံ တွေ့ရှိသော COVID- 19 ရောဂါလူနာ အ သစ် (Case 16) နှင့် ထိစပ်ခဲ့သူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ကို လှိုင်မြို့နယ်ရှိ ဘုရင်နောင် စစ်ကြောရေးနှင့် တည်းခိုရိပ်သာတွင် စတင် စောင့်ကြည့်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
COVID- 19 ရောဂါလူနာ အသစ် (Case 16) နှင့် ဒူဘိုင်းမှ ပြန်လည် ရောက်ရှိလာသော ၎င်း၏ သားဖြစ်သူ ကို မြောက်ဥက္ကလာ မြို့နယ်ရှိ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်သည်။
ထိုလူနာသည် မတ်လ ၁၅ ရက်နေ့တွင် ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး သားဖြစ်သူနှင့် မြောက်ဥက္ကလာ ဂ ရပ်ကွက်၊ နီလာ ၁ လမ်းရှိ နေအိမ်တွင် အတူတူ နေထိုင် ခဲ့ကြောင်း၊ ၂ ပတ်ကြာခန့်မှ ရောဂါလက္ခဏာစပြီး မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ အဖြစ် သီးသန့်ထားရှိခဲ့ခြင်း ဖြစ်သည်။
ယင်းလူနာသည် ၎င်း၏ History အမှန်ကို ဆေးရုံသို့ ရောက်ရောက်ချင်းက အမှန်အတိုင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသဖြင့် အများပြည်သူ၏ ဝေဖန်မှုကို ခံနေရသည်။
COVID – 19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရန်နှင့် သီးသန့် စောင့်ကြည့်ရမည့်သူများအား ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ ဘုရင့်နောင် စစ်ကြောရေးနှင့် တည်းခိုရိပ်သာတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိရာ ယခုအခါ စောင့်ကြည့်လူနာ ၁၂၃ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ယင်းစောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ရန် ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ ကုသရေးဆေးအဖွဲ့ နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၃၁ ရက်နေ့ ည ၈ နာရီအထိ ကိုရိုနာဗိုင်းစ် ပိုးတွေ့ရှိသူ ၁၆ ဦး၊ သေဆုံး ၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ကပေါ်ရှိ နိုင်ငံအားလုံးနီးပါးကို ကူးစက်ပျံ့နှံ့နေပြီး ကမ္ကာနှင့်အဝှမ်းတွင် (COVID-19) ကူးစက်ခံရသူ ၉ သိန်း ၃ သောင်းကျော် နှင့်သေဆုံးသူ ၄သောင်း ၇ ထောင် ကျော်ထိရှိနေပြီဖြစ်ကြောင်းသိရသည်။
You may also like these stories:
Covid-19 တွေ့ရှိသူ ပုဂ္ဂလိကဆေးခန်းရှိရာ အင်းယားလိတ်ဟိုတယ်ဝန်းကို Lockdown ချ
COVID-19 ကန့်သတ်စောင့်ကြည့်ခံရသူများနှင့် စောင့်ကြည့်ဝန်ထမ်းများ ခွဲခြားဆက်ဆံခံရ