ရန်ကုန်တိုင်းရှိ ဘုန်းကြီးကျောင်းများ ဆွမ်းတာဝန် တိုင်းအစိုးရ တာဝန်ယူမည်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအနေဖြင့် ယခုကဲ့သို့ COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလ အတွင်း ဆွမ်းအခက်အခဲရှိနိုင်ရာ ဆွမ်းတာဝန်ကို ရန်ကုန်တိုင်းအစိုးရနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးက တာဝန်ယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညနေပိုင်းတွင် သူ၏ ကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာမှ တဆင့် သတင်းထုတ်ပြန် ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည် က “ဘုန်းတော်ကြီးကျောင်းများ ဆွမ်းတာဝန်ကို ရန်ကုန်တိုင်းအစိုးရနဲ့ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်ယူပါမယ်”ဟု ပြောကြားထားသည်။
ထို့ပြင် ပြည်သူများအတွက် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေကြောင်း၊ ပြည်သူများနှင့် ဆက်သွယ်ခွင့် ရ၍ ဝမ်းသာ ကျေးဇူးတင်ကြောင်း၊ ယမန်နေ့က ပြည်သူ ၄ ဦးနှင့် ဆွေးနွေးခွင့် ရခဲ့သည့် ကိစ္စ ရပ်အချို့ကိုလည်း အကောင် အထည်ဖော်မည့် အခြေအနေများကို အသေးစိတ် ရှင်းလင်း ပြောဆိုထားသည်။