ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်၊ သြဘာလမ်းတွင် နေထိုင်လျက်ရှိသော အသက် ၁၈ နှစ် ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦးသည် ဧပြီလ ၂ ရက်နေ့တွင် ဖျားနာခြင်း၊ လည်ချောင်းနာခြင်း နှင့် ဗိုက်အောင့်ခြင်း အစ ရှိသည့် ရောဂါ လက္ခဏများ ခံစားနေရခြင်းကြောင့် COVID-19 သံသယလူနာအဖြစ် သင်္ယန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ထိုလူနာသည် ပြည်ပခရီး သွားလာထားခြင်း မရှိသော်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပြန်လည်ရောက်ရှိ လာသော မိတ်ဆွေအမျိုးသား နှင့် တွေ့ဆုံမှု ရှိထားသည်ဟု ကြားသိရကြောင်း ယင်းလူနာကို စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေး (YRO) ၏ ဒုဥက္ကဋ္ဌ ဦးဝင်းသူက ဧရာဝတီ သို့ ပြောသည်။
၎င်းက “သူက ဖျားလို့ ဆိုပြီး မနေ့က ညက (ဧပြီ ၁) က ပုဂ္ဂလိကဆေးရုံတခုကို သွားပြထားတယ်။ ဆေးရုံက သူ့ကို အိမ်မှာပဲ ၁၄ ရက်နေပြီး စောင့်ကြည့်ဖို့ ညွှန်ကြားထားခဲ့တယ်။ ဒီနေ့မှာ အခြေအနေ ဆိုးလာလို့ ဘာလုပ် ရမှန်း မသိဖြစ်ပြီး ကျန်းမာရေးဘက်ကို ဆက်သွယ်လာတာပါ” ဟု ရှင်းပြသည်။
အဆိုပါ လူနာသည် အစိုးရက ကြေညာထားသည့် ပိုးတွေ့လူနာများနှင့် နီးကပ် ဆက်စပ် မရှိသလို တိုက်ရိုက် ထိတွေ့ခဲ့သူ ၁ ဦး မဟုတ်ကြောင်း၊ ကျန်းမာရေးသည်လည်း အလွန်စိုးရိမ်ရသည့် အခြေအနေ မဟုတ်ကြောင်း သိရသည်။
အဆိုပါလူနာသည် လက်ရှိအချိန်တွင် COVID- 19 ရောဂါ လက္ခဏာများ ဖြစ်ပေါ်နေခြင်းကြောင့် စံပြဆေးရုံက သံသယလူနာ အဆင့်အဖြစ် သတ်မှတ်ကာ ဆေးကုသမှုများ လုပ်ဆောင်ပေးလျက် ရှိနေကြောင်း YRO ၏ ဒုဥက္ကဋ္ဌ ဦးမိုးငြိမ်း က ဆိုသည်။
၎င်းက “သူက ရောဂါရှိတဲ့သူနဲ့ ပတ်သက်တယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ဒီလိုမျိုး ဖျားတာနာတာ ဖြစ်တော့ ဆေးတွေဘာတွေ ထပ်စစ်မှာပေါ့” ဟု ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီ အနေဖြင့် ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းခဲ့ေ သာ်လည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက COVID-19 ရောဂါ နှင့် ပတ်သက်သည့် သတင်းထုတ်ပြ န်ချက်များသာ စောင့်ဆိုင်းရန် ပြန်လည်ဖြေကြားပေးခဲ့သည်။
မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူ ၂၀ ဦးအထိ ရှိလာပြီ ဖြစ်ပြီး ၁ ဦးမှာ သေဆုံးသွားပြီဖြစ်သည်။
ဆက်စပ်လင့်
ကျန်းမာရေးထုတ်ပြန်ချက် မလိုက်နာသည့် ပန်တော်ဦးယာဉ်လိုင်းအား ပြေးဆွဲခွင့် ပိတ်သိမ်း
လေရှီးတွင် စောင့်ကြည့်လူနာများ အတွက် ကျန်းမာရေး ဝန်ထမ်း မလုံလောက်၍ စိုးရိမ်နေ
COVID-19 ပိုးတွေ့လူနာ ဧည့်လမ်းညွှန်နှင့် ထိတွေ့ခဲ့သူ ၉၂ ဦးအား အိမ်ပြန်ခွင့်ပြု