ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် ဖွင့်လှစ်မည့် COVID – 19 အတည်ပြု့ လူနာများ ထားရှိမည့် ဆေးရုံ (ယာယီ) အတွက် ရန်ကုန်တိုင်း အစိုးရက တပ်မတော်သို့ ဆရာဝန် စေလွှတ်ပေးရန် အကူအညီ တောင်းဆိုထားသဖြင့် တပ် မတော်က လူ ၄၀ ပါ ဆေးအဖွဲ့ ၂ ဖွဲ့ ပြင်ဆင် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
“အဲဒီဆေးရုံက အသင့်ဖြစ်တဲ့အချိန်မှာ ကျနော်တို့ စလွှတ်ပါမယ်။ ပြောထားတာတော့ အဲဒီဆေးရုံက ၁၀ ရက်နေ့မှာ အသင့်ဖြစ်မယ်လို့ ကျနော်တို့ အကြမ်းဖျဉ်း သိထားတယ်။ စတဲ့အချိန် ကျနော်တို့ လွှတ်မှာပေါ့”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဆေးဝန်ထမ်းများ ပါဝင်သည့် လူ ၄၀ ပါ ဆေးအဖွဲ့ ၂ ဖွဲ့ ပြင်ဆင်ထားသော်လည်း တဖွဲ့ကိုသာ အရင်စေလွှတ်ပေး မည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့ တွင် ပါရဂူအဆင့် ဆရာဝန် ၁၂ ဦး၊ ရိုးရိုးဆရာဝန် ၁၀ ဦး၊ အထက်တန်း သူနာပြု ၁၄ ဦး၊ ဓါတ်ခွဲ ကျွမ်းကျင် ၂ ဦး၊ ဓါတ်မှန် ကျွမ်းကျင် ၂ တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် ဖွင့်လှစ်မည့် COVID – 19 ဆေးရုံ (ယာယီ)အတွက် ဆေးဘက်ဆိုင်ရာ ဝန် ထမ်း ၂၀၀ ကျော် လိုအပ်မည် ဖြစ်ရာ တပ်မတော်ဘက်မှ ပူးပေါင်းကူညီပေးရန် ရန်ကုန်တိုင်း အစိုးရ အဖွဲ့က ပြီးခဲ့ သည့် ဧပြီလ ၃ ရက်နေ့က ရန်ကုန်တိုင်း စစ်ဌာနချုပ်သို့ စာပေးပို့ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ တွင် သတ်မှတ်နေရာများနှင့် ဆေးရုံများတွင် Quarantine ဝင်နေသူပေါင်း ၃၄၁၂ ဦး၊ စောင့်ကြည့်လူနာ ၂၉၈ ဦး ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၆ ရက်နေ့၊ ည ၈ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၂၂ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံမှ စတင်ပြန့်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ကာပေါ်ရှိ နိုင်ငံအားလုံးနီးပါးကို ကူးစက် ပြန့်ပွားလျက်ရှိရာ ကမ္ကာနှင့်အဝှမ်းတွင် COVID-19 ကူးစက်ခံရသူ ၁၃သိန်းနှင့် သေဆုံးသူ ၇ သောင်း ၄ ထောင်ကျော် အထိ ရောက်ရှိ လာပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို
အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်