• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

နေပြည်တော်ရှိ COVID-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့

by သီဟလွင်
7 April 2020
in သတင်းတို
A A
နေပြည်တော်တွင် တွေ့ရသည့် ကျန်းမာရေးအသိပညာပေး ဆိုင်းဘုတ် / သီဟလွင် / ဧရာဝတီ

နေပြည်တော်တွင် တွေ့ရသည့် ကျန်းမာရေးအသိပညာပေး ဆိုင်းဘုတ် / သီဟလွင် / ဧရာဝတီ

8.7k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်ရှိ COVID-19 အတည်ပြုလူနာ အသက် ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူကို ထပ်မံစစ်ဆေးရာ ပိုးမတွေ့တော့ဘဲ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ပါက ဆေးရုံ ဆင်းခွင့်ပြုတော့မည် ဖြစ်ကြောင်း နေပြည်တော်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ဧရာဝတီကိုပြောသည်။

ယခုအတည်ပြုလူနာသည် နေပြည်တော်တွင် နေထိုင်သော ကုလသမဂ္ဂဝန်ထမ်းတဦးဖြစ်ပြီး ဗိုင်းရပ်စ်ပိုးလည်း မတွေ့ရှိရတော့သလို ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။

RelatedPosts

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

12 June 2025
271
ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များကို စစ်ကောင်စီပူးပေါင်းတပ် ဆက်တိုက် မီးရှို့

ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များကို စစ်ကောင်စီပူးပေါင်းတပ် ဆက်တိုက် မီးရှို့

11 June 2025
622
ဖားကန့်တွင် လက်နက်ကြီးကြောင့် မီးလောင်ပေါက်ကွဲ၍ ပြည်သူအများအပြား သေဆုံး

ဖားကန့်တွင် လက်နက်ကြီးကြောင့် မီးလောင်ပေါက်ကွဲ၍ ပြည်သူအများအပြား သေဆုံး

7 June 2025
657

ဒေါက်တာ မြတ်ဝဏ္ဏစိုးက “ပထမတကြိမ် Negative ပေါ့နော် နောက်တရက် နှစ်ရက်လောက်နေရင် နောက်ထပ် ၁ ကြိမ်ထပ်စစ်ပါဦးမယ်။ နှစ်ကြိမ်ဆက်တိုက် Negative ဖြစ်ရင် သူ့ကို ဆေးရုံဆင်းခွင့် ပေးတာတွေ လုပ်ပါမယ်”ဟု ပြောသည်။

ယခုအတည်ပြုလူနာနှင့် လေယာဉ်တစီးတည်းအတူစီးခဲ့သူများ၊ လေဆိပ်တွင်စစ်ဆေးသူ၊ တက္ကစီ ယာဉ်မောင်း၊ အိမ်အကူနှင့် ဟိုတယ်ဝန်ထမ်းများကို စစ်ဆေးရာတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ကြောင်း ၎င်းက ပြောသည်။

COVID-19 ရောဂါ ဖြစ်ပွားသူ တဦးအနေဖြင့် ရောဂါအခြေအနေ သက်သာ ကောင်းမွန်လာပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရရန်အတွက် ဓာတ်ခွဲစစ်ဆေးမှု ရလဒ်အဖြေ နှစ်ကြိမ်ဆက်တိုက် Negative ထွက်ရန်လိုအပ်ပြီး၊ ၄၈ နာရီအတွင်း အဖျားမရှိခြင်း၊ အဆုတ်၏ ဓာတ်မှန်အဖြေကောင်းမွန်ခြင်း၊ သာမာန်လူကောင်းကဲ့သို့ နေထိုင်နိုင်ခြင်း စသည့်အချက်များ ပြည့်စုံရန် လိုအပ်ကြောင်း သိရသည်။

နေပြည်တော် ကောင်စီနယ်မြေတခုလုံးတွင် ယခုပိုးတွေ့ လူနာ ၁ ဦးမှလွဲ၍ နောက်ထပ်စစ်သည့် ၁၉ ဦးခန့်တွင်လည်း ပိုးမတွေ့ကြောင်း ပြည်ပမှပြန်လာသူ အများစုပါဝင်သော စောင့်ကြည့်ရမည့်သူ တစ်ထောင်နီးပါးကို နေပြည်တော်စည်ပင်ရိပ်သာ၊ ရွာတော်စစ်ကြောရေးစခန်းနှင့် သက်ဆိုင်ရာ ဆေးရုံများတွင် ထားရှိစောင့်ကြည့်နေကြောင်း သိရသည်။

ဒေါက်တာ မြတ်ဝဏ္ဏစိုး က “အဲဒါကလည်း မနက်ဖြန်ဆိုရင်ပဲ တချို့အဖွဲ့တွေက ၁၄ ရက်ပြည့်လို့ စပြီးတော့ ပြန်လွှတ်တော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မန္တလေးရှိ ကန်တော်နဒီဆေးရုံတွင်လည်း သီးခြားထား ကုသနေသည့် နံပါတ် (၄) COVID-19 အတည်ပြုလူနာကို မတ်လ ၂ ရက်နေ့က ဓာတ်ခွဲစစ်ဆေးမှုတွင်လည်း ပိုးမတွေ့ (Negative) ရလဒ်အဖြေထွက်ခဲ့ကြောင်း သိရသည်။

နံပါတ် ၄ COVID-19 အတည်ပြုလူနာသည် အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး အမေရိကန်နိုင်ငံမှ မတ်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာသူဖြစ်သည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၆ ရက်နေ့၊ ည ၈ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၂၂ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံမှ စတင်ပြန့်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနီးပါးကို ကူးစက် ပြန့်ပွါးနေပြီး ကမ္ကာနှင့်အဝှမ်းတွင် COVID-19 ကူးစက်ခံရသူ ၁၃သိန်း နှင့် သေဆုံးသူ ၇ သောင်း ၄ ထောင်ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

You may also like these stories:

Home Quarantine ဖြင့် နေထိုင်သော်လည်း ဆဲဆိုမူးယစ်ရမ်းကားသူ ထောင် ၆လ ချ

ကိုဗစ်-၁၉ ကပ်ရောဂါက ကမ္ဘာ့လေထုညစ်ညမ်းမှုကို အကြီးအကျယ် လျှော့ချပေး

COVID-19 စိုးရိမ်မှုကြောင့် သွေးလှူရှင် လျော့ကျ

Your Thoughts …
Tags: အတည်ပြုလူနာ
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
2018 ခုနှစ် မိုးရာသီနှင့် ရန်ကုန် / မျိုးမင်းစိုး / ဧရာဝတီ

မိုးထစ်ချုန်းရွာ၍ ရာသီဥတု ဆိုးနိုင်ကြောင်း မိုး/ဇလ သတိပေး

စက်ရုံ အဝကို ပိတ်၍ ဆန္ဒပြနေသူများ  / ထက်ခေါင်လင်း / ဧရာဝတီ

တောင်ဒဂုံ ထီးစက်ရုံ အလုပ်သမားများ စက်ရုံအပေါက်ဝပိတ် ဆန္ဒပြ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.2k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate