Keith Watson ဟာ အသက် ၁၀၁ နှစ် ရှိပါပြီ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ အင်္ဂလန်နိုင်ငံက Redditch မြို့ Alexandra ဆေးရုံမှာ မတ်လတုန်းက တက်ရောက် ကုသခဲ့ရပါတယ်။ တက်ရောက်ကုသရတဲ့ အကြောင်းရင်းက ခွဲစိတ်ကုသဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို စစ်ဆေးကြည့်တဲ့အခါမှာ ကိုဗစ်-၁၉ လည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။
ဒါကြောင့် သူ့ကို ရောဂါပိုးကိုလည်း ကုသပေးခဲ့ရပြီး ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။ ဒီသတင်းဟာ UK မှာတော့ လူအတော်များများ ဖတ်ခဲ့ကြတဲ့ သတင်းဖြစ်ပြီး သူ့ရဲ့ ဆေးရုံက ဆင်းတဲ့ သတင်းကို Facebook မှာ တင်လိုက်တဲ့အခါမှာ ဒီသတင်းကို Share တဲ့ အကြိမ်ပေါင်း ၃၀၀၀ ကျော်ခဲ့တယ်လို့ သိရပါတယ်။
UK မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၅၀၀၀ ကျော် ရှိနေပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၇၉၀၀ ကျော် ရှိနေပါပြီ။
You may also like these stories:
ကိုဗစ် သက်သာသွားသူတွေမှာ ရောဂါလက္ခဏာ ပြန်တွေ့နေရ
ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်ဝမ်က ကိုဗစ် အခြေအနေ