ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနောက်မြောက်ဘက် မြန်မာ့ ပင်လယ်ပိုင်နက်အတွင်း တရားမဝင် ရောက်ရှိလာသည့် ငါး ဖမ်းစက်လှေ ၆ စီး ကို မြန်မာ့ တပ်မတော်(ရေ)မှ သတိပေး ခြောက်လှန့် ပစ်ခတ်ခဲ့ရသဖြင့် စက်လှေတစီး အနည်း ငယ် ထိခိုက် ပျက်စီးပြီး ရေလုပ်သား ၆ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။
ဧပြီလ ၇ ရက်နေ့ ည ၁၀ နာရီခွဲတွင် မြန်မာပိုင်နက် နှစ်နိုင်ငံ နယ်စပ်မျဉ်း၏ ၃ မိုင်မှ ၆ မိုင်ကွာအတွင်း ဝင်ရောက် လာ သည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်း စစ်လှေ ၆ စီးကို မြန်မာဘက်က မီးအချက်ပြခြင်း၊ အသံချဲ့ စက်ဖြင့် အသံပေး ခေါ်ဆိုခြင်း၊ ဆက်သွယ်ရေးစက်မှ ရပ်တန့်ရန် ပြောဆိုခဲ့သော်လည်း ရပ်တန့်ခြင်း မရှိ၍ ယခုလို သတိပေးပစ်ခတ်ခဲ့ရခြင်း ဖြစ် ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“သူတို့ဘက်က သတင်းတွေကလည်း ရေးနေတယ်။ ၆ ဦး ဒဏ်ရာ ရသွားတယ်ဆိုပြီးတော့၊ ကျနော်တို့ဘက်ကလည်း အဆင့်ဆင့် သတိပေးပြီး မလိုက်နာလို့ နောက်ဆုံးမှာ သတိပေး ခြောက်လှန့် ပစ်ခတ်ခဲ့ရတာပါ”ဟု ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ပြောသည်။
သို့သော် တပ်မတော်(ရေ)က ယင်းဖြစ်စဉ်ကို ထို့နေ့ည ၁၁ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ်ရေတပ် စစ်ရေယာဉ် BNS-Somu dra Avijan(F-29)မှ စစ်ရေယာဉ်မှူး ဗိုလ်မှူးကြီး အယ်လ်ဆာထံသို့ ဆက်သွယ်ပြောကြားခဲ့ရာ ၎င်းမှ အဆိုပါ ဘင်္ဂ လားဒေ့ရှ် ငါးဖမ်းရေယာဉ်များနှင့် ဆက်သွယ်၍ မေးမြန်းထိန်းသိမ်းသွားမည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်မှလာသော သတင်းများအရ ယင်းငါးဖမ်းလှေ ၆ စီးသည် မြန်မာရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်သဖြင့် အပစ်ခံရခြင်း ဖြစ်ကြောင်း၊ ငါးဖမ်းစက်လှေများအနက် FB Sania အမည်ရှိ စက်လှေ ထိခိုက် ပျက်စီးမှုများ ရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ကမ်းရိုးတန်းမြို့ တခု ဖြစ်သည့် Chattogram သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်သည် မြန်မာနှင့် ကမ်းရိုးတန်း ထိစပ်သည့်နေသည့် နိုင်ငံတခုဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာ များကြောင့် ထွက်ပြေးသွားရသည့် ဒုက္ခသည်များအရေး ဖြေရှင်းရန် မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့် ဆက် ဆံရေး ကောင်းမွန်ရန် ကြိုးစားနေရသည်။
You may also like these stories:
တိုက်ပွဲကြောင့် ပလက်ဝမြို့နယ် နန်းချောင်းဝ ရွာလုံးကျွတ် ထွက်ပြေး
ARSA နှင့် AA တို့ WFP တံဆိပ်ပါ ထောက်ပံ့ရေးရိက္ခာများ ရရှိနေဟု တပ်မတော် ပြော