တပ်မတော်တွင် ယနေ့အချိန်အထိ COVID – 19 (ကိုရိုနာ ဗိုင်းရပ်စ်) ရောဂါပိုး ကူးစက်ခံရသူ မရှိသေးဘဲ ဆေးရုံတွင် ထားရှိ စောင့်ကြည့်ရသူ (Hospital Isolation) တပ်မတော်သား ၁ ဦးနှင့် မှီခိုသူ ၂ ဦးမှာလည်း ရောဂါပိုး တွေ့ ရှိမှု မရှိ ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ကျနော်တို့ စစ်ဆေးပြီးသွားပြီ။ ၃ ယောက်လုံးမှာ ပိုးမတွေ့ ဘူး။ ၃ ယောက်ထဲက ၂ ယောက်ကိုတော့ ဆေးရုံ ပြန် ဆင်းပေးလိုက်ပြီ။ ၁ ယောက်ကတော့ ကျနော်တို့ ယခင်ကတည်းတိုင် မီခိုသူ ဇနီးတယောက်ပေါ့။ သူက ကင်ဆာရော ဂါ ရှိတဲ့အတွက် ကင်ဆာနဲ့ပဲ ဆေးရုံပြန်တင်ပေးထားတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် တပ်မတော်၌ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား ၁၄ ဦး၊ မှီခိုသူ ၁၄ ဦး၊ Home Quarantine စောင့်ကြည့်သူ တပ်မတော်သား ၄၄ ဦး၊ မှီခိုသူ ၅၅ ဦး စုစုပေါင်း ၉၉ ဦး ရှိကြောင်း တပ်မတော်မှ သိရသည်။
စောင့်ကြည့်ရန် လိုအပ်သူ ပြည်သူများကို တပ်မတော်မှ ကူညီပေးထားသူမှာ ဧပြီလ ၈ ရက်နေ့အထိ ရန်ကုန် စစ် ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ၁၃၄ ဦး၊ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ၂၈၄ ဦး ရှိပြီး ၎င်းတို့အားလုံးမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။
You may also like these stories:
အဆိုတော် မျိုးကြီး တွင် COVID-19 ရောဂါပိုးတွေ့ ရှိ